11

4.9K 509 10
                                        

အပိုင်း ၁၁။ ဆဲတဲ့အခါ ညစ်ပတ်တဲ့ စကားလုံးတွေ ထည့်သုံးခွင့် မရှိရင်၊ အကြီးဆုံးရေခဲမုန့် ဝယ်စားမှသာ  စိတ်ဆိုး ပြေလိမ့်မယ်

ကျိုးမုကျင်က မျိုးရိုးသုံးဆက်လောက် ချမ်းသာလာတဲ့ မိသားစုရဲ့ အငယ်ဆုံး သမီးပါ၊ သူတို့က ဝမ်ရိပေါ်အဖေလို လမ်းတစ်ဝက်မှာ ကံတက်ပြီး စီးပွါးဖြစ်လာတဲ့လူတွေ မဟုတ်ဘူး၊ ဒါပေမဲ့ အများစုသော လူကုံထံ အသိုင်းအဝိုင်းတွေလို ထောင်လွှား မောက်မာတာမျိုး မတွေ့ရဘူး။

သူ့မှာ အစ်ကိုတစ်ယောက် ရှိသေးတယ်၊ ဒါကြောင့် ကုမ္ပဏီကိစ္စတွေကို ခေါင်းထဲ မထည့်လဲရပြီး အားလပ်ချိန် သိပ်များတယ်၊ သူကိုယ်တိုင်က နိုင်ငံခြားမှာ ဖက်ရှင်ဒီဇိုင်းကျောင်း သွားတက်ထားတာ၊ အားလပ်ရက် ဒီပြန်ရောက်ရင်တော့ အိမ်က စီစဉ်ပေးတဲ့ ကြင်ဖက်တွေနဲ့ လိုက်တွေ့ရလေ့ ရှိတယ်။

"ကျွန်မရဲ့အိပ်မက်က ဒီလို ဘာဘီကျူးဆိုင်လေး ဖွင့်ချင်တာ"

အချင်းချင်း မိတ်ဆက်ပြီးတာနဲ့ အသားတွေ ကင်နေရင်း ကျိုးမုကျင်က စ,ပြောတယ်။

"အဲဒါဆို အချိန်မရွေး စိတ်ကြိုက်စားလို့ ရပြီလေ"

ကျိုးမုကျင်က ဆံပင်ကို အနောက်မှာ ခပ်မြင့်မြင့် မြှောက်စည်းထားတယ်၊ အားကစားသမားတွေလို နဖူးပတ်တစ်ခုလဲ ပတ်ထားသေးတယ်၊ အဝတ်အစားကတော့ ပေါ့ပေါ့ပါးပါး ဂျက်ကတ်အင်္ကျီနဲ့ အားကစားဘောင်းဘီပဲ၊ ရုပ်ရည်က အွန်လိုင်း ဆယ်လီတွေလို ရုပ်မျိုးပါ၊ ချဉ်းကပ်ဖို့ မလွယ်ဘူး၊ စကားပြောပုံအရ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်မဲ့ပုံ၊ ဒီလိုလူမျိုးက ကြင်ဖက်တွေ့တဲ့ နယ်ပယ်မှာတော့ အမှတ်ကောင်း သိပ်ရလေ့မရှိဘူး။

ဝမ်ရိပေါ်လဲ ဘာထူးလဲ၊ ကြင်ဖက်တွေ့ဖို့ စီစဉ်ပေးတဲ့သူတွေကြားမှာ နာမည်ကောင်းရှိမှာ မဟုတ်ဘူးလေ၊ ဝမ်ရိပေါ်က ကျိုးမုကျင်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေရင်း ပြောတယ်။

"ခင်ဗျားရဲ့ရည်မှန်းချက်က ကုမ္ပဏီအုပ်ချုပ်ဖို့ ဖြစ်မယ် ထင်နေတာ"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now