27

5.3K 504 13
                                        

အပိုင်း၂၇။ ကြောက်စရာကောင်းတဲ့အရာကို ရယ်မောရင်း ရင်ဆိုင်လိုက်ပါ၊ သူ ထွက်ပြေးသွားလိမ့်မယ်

ကွန်ဒိုနားက မနက်ခင်းစာရောင်းတဲ့ ဆိုင်တန်းလေးတွေက နာမည်ကြီးတာမို့ မြို့က လူတော်တော်များများ ဒီနေရာကို သိကြတယ်၊ လမ်းကျဉ်းပေမဲ့ တစ်ဖက်တချက်မှာ ချခင်းပြီးရောင်းတဲ့ မနက်စာကတော့ အမျိုးစုံအောင် ရှိတယ်၊ တချို့ဆိုင်တွေက ထိုင်စားဖို့ ခုံလေးတွေပါ ချပေးထားတယ်။

ပဲနို့ပူပူနဲ့ အီကြာကွေးက အမြဲတမ်း စားချင်စရာ ကောင်းတာမို့ အများစုက မဝယ်ဘဲ မနေနိုင်ဘူး၊ မဝယ်ရင်တောင် စားရင်ကောင်းမလား အတွေးနဲ့ ခဏတော့ ရပ်ကြည့်သွားကြတာချည်းပဲ။

အကြော်ဆရာက ဘေးခုံကို ဆီတွေစင်ကုန်မှာ စိုးရိမ်နေတာမို့ ဂျုံချောင်းတွေကို ဆီပူပူထဲ ဂရုတစိုက် ထည့်တယ်၊ ကျက်သွားတဲ့ အီကြာကွေးတွေကို ဆယ်ပြီး ဆီစစ်တဲ့ ဇကာထဲ ခဏထည့်ထားတယ်၊ ဆိုင်ရှင် ဒီနေရာမှာ အီကြာကွေးရောင်းနေတာ အနှစ် ၂၀ နီးပါး ရှိပြီ၊ သူ့ဆီမှာ မနက်စာ လာဝယ်တဲ့ လူအများစုက လမ်းလျှောက်ရင်း အပြန်ဝင်ကြတဲ့ လူကြီးတွေ များတယ်၊ ဇိမ်ခံကားကြီး စီးလာပြီး တန်ဖိုးကြီး အနောက်တိုင်း ဝတ်စုံတွေ ဝတ်ထားတဲ့ လူငယ်လေးတွေကိုတော့ တစ်ခါမှ မရောင်းဖူးဘူး။

လောလောလတ်လတ် ဆယ်ထားတဲ့ အီကြာကွေးတွေကို ယူပြီး မှာထားတဲ့စားပွဲမှာ သွားချပေးလိုက်တယ်၊ ဝိုင်းမှာ ထိုင်နေတဲ့သူတွေထဲက ရုပ်ရည်တအားချောတဲ့ လူငယ်လေးက သူ့ကို ဆွဲထားပြီး။

"ပဲနို့ ရတယ်မလား အန်ကယ်.. ပဲနို့လေးခွက် ချပေးပါ"

ပဲနို့မှာတဲ့ ကောင်လေးနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်လေးကတော့ အီကြာကွေးတစ်ချောင်း ချက်ချင်းကောက် ကိုင်ပြီး။

"တစ်ခွက်ဆို မဝဘူး.. ကျွန်တော့်အတွက် နှစ်ခွက်ပေးပါ"

ရုပ်ချောချော ကောင်လေးရဲ့ဘေးမှာ ကပ်ထိုင်နေတဲ့ မျက်နှာ တည်တည်နဲ့ လူငယ်လေးက မျက်မှောင်ကြီး ကြုတ်ထားပြီး။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now