29

5.5K 480 15
                                        

အပိုင်း ၂၉။ သူ့ကို သဘောကျတာမို့ သူပျော်တယ်ဆို ကျွန်မ ပျော်ပါတယ်

မင်းသား နံပါတ် ၁ က အရိုက်မခံရခင်ကသာ ပြသနာ ခဏခဏရှာတာပါ၊ လက်သီးတစ်ချက် မိသွားတော့ တော်တော်လေး ငြိမ်ကျသွားတယ်၊ တစ်ပတ်လောက်ကြာတော့ Double Circle ဒရာမာရဲ့ ရိုက်ကွင်းသိမ်းတဲ့အချိန်ကို ရောက်လာတယ်။

နောက်ဆုံး ရိုက်ကူးရေးနေ့မှာတော့ သူတို့ ရပ်ကွက်ထဲက ကစားကွင်းလေးဆီ ပြန်သွားရိုက်ရတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ မင်းသားနံပါတ် ၁ နဲ့ ဆိုင်တဲ့အခန်းတွေ မပါတော့ဘူး၊ လော့ရှစ်ရီက အနှောင့်အယှက် ကင်းကင်းနဲ့ရှောင်းကျန့်ကို ဆွဲထားပြီး တရှုပ်ရှုပ် ငိုတော့တာပဲ။

"ကျန့်ကျန့်နဲ့ တကယ်မခွဲချင်ဘူး.. ရှင့်လိုကောင်းတဲ့ပါတနာမျိုး ဘယ်မှာသွားရှာရမှာလဲ.. ရှင်နဲ့အတူ အလုပ်လုပ်ခွင့်ရတာ တော်တော်ကံကောင်းတယ်လို့ ကျွန်မထင်တယ်"

ဒီမြင်ကွင်းကို လက်ထောက်က ပေါက်ပေါက်ဆုပ် စားရင်း ကြည့်နေတယ်။

"ဒရာမာတစ်ခု ရိုက်လိုက်တာ.. သံယောဇဉ် တိုးကုန်တယ်.. ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်သလဲ"

ဘာကြည်နူးစရာလဲ၊ ပေါက်ကရ။

ရှောင်းကျန့်က သူ့လက်ကိုကိုင်ပြီး ဟန်ဆောင်ပန်ဆောင်နဲ့ ငိုနေတဲ့ လော့ရှစ်ရီကို မယုံသင်္ကာနဲ့ ကြည့်နေရင်း။

"လော့ကျဲ.. ဒီလိုမလုပ်ဘဲ.. ပြောစရာရှိ‌တာကိုသာ တန်းပြီးပြောချလိုက်ပါ.. ကျွန်တော်တို့ကို မှတ်တမ်းလာရိုက်နေတဲ့လူတွေလဲ သွားတာ ကြာလှပါပြီ"

"သွားပြီလား"

လော့ရှစ်ရီက ရှောင်းကျန့်လက်ကို ပြန်လွှတ်ချလိုက်ပြီး ရယ်လိုက်တယ်၊ မျက်နှာအမူအယာ အပြောင်းအလဲက ပီကင်းအော်ပရာ ကနေတာထက်တောင် မြန်သေးတယ်။

"ရှင့်ကောင်လေးရဲ့ အသိတွေထဲမှာ ရှင်တို့လိုလူမျိုးတွေ မရှိတော့ဘူးလား.. အိမ်ထောင်မရှိတဲ့ single ပဲပြောတာ.. ရှိတယ်ဆို မိတ်ဆက်ပေးစမ်းပါ.. အဲဒါ ကျွန်မတောင်းချင်တဲ့ နှုတ်ဆက်လက်ဆောင်ပဲ"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now