13

4.9K 514 35
                                        

အပိုင်း ၁၃။ ပိုးဖလံမျိုး မီးကိုတိုး

ဘောလုံး ဂိုးပေါက်ထဲ ဝင်သွားချိန်မှာတော့ ဝမ်ရိပေါ်က ခဏနားမဲ့ လက်ဟန်အမူအယာ လုပ်ပြလိုက်တယ်။

ကျိုးမုကျင်က ဘေးခုံတန်းပေါ်က ပဝါယူပြီး ချွေးသုတ်နေတယ်၊ သူ့ရဲ့ ပိုနီတေးဆံပင်က လေထဲမှာ ယမ်းခါသွားတယ်၊ ကျိုးမုကျင်က မနေ့ကမှ ဆံပင် အရောင်အသစ် ဆိုးထားတာ၊ ဝမ်ရိပေါ်က သူ့ကို ကြည့်နေတာမို့ ကျိုးမုကျင် ရှက်ပြုံးလေးနဲ့ မေးလိုက်တယ်။

"ကျွန်မကို ဘာလို့ အဲဒီလိုကြည့်နေတာလဲ"

ဝမ်ရိပေါ်ကတော့ ရှက်တာဘာညာ မရှိပါဘူး။

"ခင်ဗျားပုံစံက ပြီးခဲ့တဲ့တစ်ပတ် မြင်းပြိုင်ပွဲမှာ ချန်ပီယံ ရသွားတဲ့ မြင်းအနက်ရောင်ကြီးနဲ့ တူနေလို့"

ဝမ်ရိပေါ်ရဲ့ စကားတစ်ခွန်းနဲ့တင် ကျိုးမုကျင်ရဲ့ရှက်ပြုံးတွေလဲ ချက်ချင်း အေးခဲသွားတယ်၊ သေချာလေး အလှပြင်လာတဲ့ အလှလေးမှာ ရင်ဘက်တွေပါ အောင့်သွားပြီး ခြေရင်းမှာရှိနေတဲ့ ဘောလုံးနဲ့ ဝမ်ရိပေါ်မျက်နှာကို ပေါက်လိုက်ချင်စိတ် ပေါ်သွားရတယ်။

01

ကိုကာကိုလာ သံဘူးတစ်ဘူးကို ၃ ယွမ် ကျတယ်၊ ဝမ်ရိပေါ်က အအေးရောင်းတဲ့ စက်အရှေ့မှာ ရပ်နေရင်း အိတ်ထဲက ၅ ယွမ် ငွေစက္ကူတစ်ရွက် နှိုက်လိုက်တယ်၊ ထပ်ရှာဖို့ လုပ်နေတုန်းမှာပဲ ကျိုးမုကျင်က ဝမ်ရိပေါ်ကို တစ်ယွမ်အကြွေစေ့ တစ်စေ့ လှမ်းပေးလာတယ်။

ပိုက်ဆံထည့်ပြီးသွားတာနဲ့ စက်က ချက်ချင်းထပြီး အလုပ်လုပ်တယ်၊ ပြီးတာနဲ့ ကိုကာကိုလာတစ်ဘူးနဲ့ စပရိုက်တစ်ဘူး အောက်ကို ပြုတ်ကျလာတယ်၊ ဝမ်ရိပေါ်က ကိုယ်ကို အနည်းငယ် ကိုင်းပြီး အအေးဘူးတွေကို ထုတ်ယူလိုက်တယ်၊ ပြီးတာနဲ့ ကျိုးမုကျင်းကို လှမ်းပေးလိုက်ပြီး။

"ခင်ဗျားဆီမှာ ဘာလို့ အကြွေစေ့တွေ ရှိနေတာလဲ"

အခု နောက်ပိုင်းမှာ မိုဘိုင်းပေးတွေက ခေတ်စားလာတာမို့၊ လူတွေက တော်ရုံအပြင်သွားရင် အကြွေစေ့မပြောနဲ့ ပိုက်ဆံအိတ်တောင် မယူကြတော့ဘူး၊ ဒါပေမဲ့ ကျိုးမုကျင်မှာတော့ အကြွေစေ့ တချို့ထည့်ထားတဲ့ အကြွေစေ့ အိတ်လေး ရှိနေတယ်။

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now