အပိုင်း ၁၈။ ကောင်းကင်ကြီး ပြိုကျရင်တောင် အချစ်ရှိသေးတယ်
အလုပ်တွေပြီးတော့ အပြင်မှာ မှောင်မဲနေပြီ၊ ဝမ်ရိပေါ်က ရုံးအောက် ဆင်းလာပြီး အညောင်းအညာ ဆန့်ရင်း အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တယ်၊ အခုမှသာ ဝမ်ရိပေါ်မှာ ဖုန်းကိုင်ဖို့အချိန် ရတော့တာ။
အစီအရီဝင်နေတဲ့ Wechat က စာတွေကို ဝင်မကြည့်သေးဘဲ ရှောင်းကျန့်အကောင့်က လာတဲ့ noti ကို အရင် ကြည့်လိုက်မိတယ်၊ နှစ်ယောက်တွဲ ဆယ်ဖီပုံ တင်ထားတာ တွေ့လိုက်ရတော့ အမောနည်းနည်းတောင် ပြေသွားသလိုပဲ။
"ကျောင်းနှစ်ပတ်လည် ပွဲသွားတာက ဖန်ဆားဗစ်ပေးတာလား"
ဝမ်ရိပေါ်က ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး ပွစိပွစိလုပ်ရင်း အရှေ့ကို ဆက်ထွက်လာတယ်။
"ဟိုတလောက အိမ်မှာ ရိုက်ထားခဲ့တဲ့ပုံထဲက တင်မယ် ထင်နေတာ"
ပင်ပန်းလွန်းလို့ အပြင်ကို ထွက်လာပေမဲ့ ကားမောင်း ပြန်ရမလား၊ တက်စီပဲ ငှားရမလားဆိုတာ ဝမ်ရိပေါ် မစဉ်းစားရသေးဘူး၊ ဒါပေမဲ့ တံခါးအပြင်ရောက်တာနဲ့ ကားမီးဖွင့်ပြီး အချက်ပြတာ ခံလိုက်ရတယ်၊ ကားပေါ်ထိုင်နေတဲ့လူက ဟွန်းပါ နှစ်ချက်လောက် ပုတ်လိုက်သေးတာ။
လှမ်းကြည့်လိုက်တော့ ဘန်တလေရဲ့ဒါရိုက်ဘာခုံမှာ ထိုင်နေတဲ့ ကျိုးမုကျင်က သူ့ကို လက်လှမ်းပြလာတယ်။
01
သရုပ်ဆောင်တစ်ယောက်အဖြစ် အသက်မွေးမယ်လို့ ဆုံးဖြတ်ထားလိုက်ကတည်းက ရှောင်းကျန့် အိမ်ကနေ ထွက်လာတာ၊ ကြားမှာ သားအဖတွေ အကြိမ်ကြိမ် စကားများတယ်၊ အကြိမ်ကြိမ် ပြန်တည့်ကြတယ်၊ ဒါပေမဲ့ ရှောင်းကျန့်ကတော့ အိမ်ပြန်လာပြီး မနေဖြစ်တော့ဘူး။
ရှောင်းကျန့်အခန်းကိုတော့ မားက အမြဲရှင်းလင်းထားတယ်၊ နောက်ပိုင်း အလုပ်အားတဲ့ အချိန်ကျ တစ်ရက်နှစ်ရက်လောက် ရှောင်းကျန့် ပြန်အိပ်တတ်လာတယ်။
ဝမ်ပါးက သူတို့သားအဖနဲ့ စကားပြောပြီး ပြန်သွားတယ်၊ မားက ရှောင်းကျန့်ကို ညစာအတူစားဖို့ ပြောနေတော့ ရှောင်းကျန့်လဲ ပြန်မလာတာကြာပြီမို့ ခေါင်းငြိမ့်လိုက်တယ်။
YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Фанфикшн⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang
![Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •](https://img.wattpad.com/cover/333517011-64-k391705.jpg)