အပိုင်း ၁၀။ ငါတို့အချင်းချင်း လွဲချော်နေတာကပဲ ရေစက်တစ်ခု ဖြစ်နေမလား
ရှောင်းကျန့် အမေရဲ့နှလုံးသားထဲမှာ စွဲထင်နေတဲ့ ဝမ်ရိပေါ်ရဲ့ပုံရိပ်က အရာအားလုံးထက် ကြီးမြတ်သာလွန်တယ်၊ ဘာလို့လဲဆိုတော့ ပြသနာပဲရှာပြီး အဆုံးမသတ်နိုင်တဲ့ ရှောင်းကျန့်ရဲ့ ဇာတ်ရှုပ်တွေကို ဒိုင်ခံရှင်းပေးနိုင်တဲ့လူက ဝမ်ရိပေါ် ဖြစ်နေလို့ပါ။
ရှောင်းကျန့်ပုံစံက ရိုးသားပြီး အဆိပ်မရှိတဲ့ ပုံစံမျိုး၊ စိတ်နေစိတ်ထားကလဲ အပြင်က မြင်နေရတဲ့ ပုံစံအတိုင်း ကွက်တိပဲ၊ ဒါကြောင့် ကျောင်းတက်တုန်းက သူများ ခိုးချတာ ခံရတယ်၊ သရုပ်ဆောင် လုပ်တော့လဲ အလိမ်ခံလိုက်ရပြီ ဆိုတာက အကြိမ်ကြိမ်ပါပဲ။
အဆိုးဆုံးကတော့ အိမ်နဲ့ ပြသနာတက်ပြီး ထွက်လာတဲ့အချိန်မှာ ရိုက်ကူးရေးအဖွဲ့က သူ့ကို ပိုက်ဆံ ရှင်းပေးဖို့ မသိချင်ယောင် ဆောင်နေတယ်၊ ပိုက်ဆံ တစ်ပြားမှ မရှိတော့ ဟန်တျန့် ဟိုတယ်ကနေ ကန်ထုတ်တာ ခံလိုက်ရတယ်၊ ဒါကြောင့် ဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ ဝမ်ရိပေါ်ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းခဲ့ရတယ်။
တကယ်တော့ ပြသနာတက်တိုင်း၊ သူကိုယ်တိုင် မဖြေရှင်း နိုင်တော့ရင် ဝမ်ရိပေါ်ကို ရှာတတ်တာက ထုံးစံလို ဖြစ်နေပြီ၊ ရှောင်းကျန့် စိတ်ထဲမှာလဲ ဝမ်ရိပေါ်ဆိုရင်တော့ ဘယ်ပြသနာမဆို အလွယ်တကူ ဖြေရှင်းနိုင်မယ်ဆိုပြီး အရိုးစွဲနေတာ။
ဖုန်းဆက်ပြီးသွားတော့ ရှောင်းကျန့်က ဟန်တျန့်နား ပတ်ဝန်းကျင်မှာ အိတ်လေးတစ်လုံးဆွဲပြီး လေလွင့်နေတယ်၊ နာရီဝက်လောက် ကြာတော့ သူ့နားကို ကားတစ်စီး ထိုးရပ်လာပြီး ဒါရိုက်ဘာက ခေါင်းငြိမ့်နှုတ်ဆက်ရင်း ပြောလာတယ်။
"Mr ရှောင်း.. Mr ဝမ် က ကျွန်တော့်ကို လာကြိုခိုင်းလိုက်တာပါ"
ဟန်တျန့်ကနေ ဝမ်ရိပေါ်ဆီရောက်ဖို့ သိပ်ကြာကြာ မောင်းစရာ မလိုဘူး၊ ရှောင်းကျန့် ရောက်သွားတဲ့အချိန်က ညနေစာစားချိန် ဖြစ်နေပြီ၊ ဝမ်ရိပေါ်က အိမ်အောက်မှာ ရပ်စောင့်နေတာ၊ ကားရပ်တာနဲ့ ဒါရိုက်ဘာဆီက အိတ်ကို လက်လွှဲယူလိုက်ပြီး။
YOU ARE READING
Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •
Fanfiction⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ် - I do not own this story. Authorized translation. All rights reserved to the original author : Paojiang