ပထမဆုံးကောလိပ်ပြန်တတ်ရမည့်နေ့.
ဘာလိုလိုနဲ့နောက်ဆုံးနှစ်တောင်ရောက်လာပြန်ပြီ.
အချိန်တွေကုန်တာမြန်ပေမယ့်ငါ့အတွက်တော့နေ့ရက်တိုင်းဟာ ဘာခံစားချက်မှမရှိပါဘဲ.ကုတင်ဘေးနားကတလွှင့်လွှင့် လွင့်နေသောလိုက်ကာအဖြူရောင်ကိုထိုင်ကြည့်နေစဥ်
မျှော်လင့်ချက်တွေ တဖြည်းဖြည်းအရောင်မှိန်လာကြောင်းသိသာသော ဝိုင်းစက်လှသည့် မျက်ဝန်းလေးမှာ အရောင်တွေမှေးမှိန်လှသည်. တံခါးခေါက်သံတိုးတိုး၂ချက်ကြားလိုက်ရ၍ အချိန်ကျပြီမို့လာခေါ်ပြီဆိုတာသိလိုက်ရသည်.ထိုင်နေရာမှထလိုက်ပြီးအရှေ့အံဆွဲစားပွဲပေါ်ရှိဆေးတစ်ဘူးကိုယူပြီး အိတ်ထဲထည့်ကာ အသက်မရှိတဲ့မျက်ဝန်းတွေနဲ့ထွက်လာခဲ့သူ.
.
.
.
.
.
...................ကောလိပ်ကြီးဟာအရင်ကထက်ဖိအားများနေပုံပေါ်၍ သက်ပြင်းအကြိမ်ကြိမ်ချနေသူကြောင့် ယွန်းဂီလဲအကြောင်းသိ၍မသိသလိုနေလိုက်သည်.
ဒါဟိုဆော့ရဲ့ဖြစ်ရိုးထုံးစံပင်.ကျန်တဲ့အချိန်တက်ကြွနေပေမယ့် ကျောင်းထဲဝင်တော့မယ်ဆို ရုပ်ကသေမလိုရုပ်နဲ့. ပြီးရင်သူမဟုတ်သလိုပြန်ဖြစ်သွားမှာဘဲဖြစ်၍ မသိကျိုးကျွန်ပြုကာ အသက်မဲ့နေသလိုအေးစက်စက်မျက်ဝန်းတွေနှင့် ဘေးတွင် လမ်းလျှောက်နေသော ဂျောင်ကုကိုလှမ်းကြည့်မိသည်.အရင်လိုပါဘဲ.
မပြောင်းလဲသေးနိုင်ပါလား.
အနှောင်အဖွဲ့တွေက မလွတ်မြောက်နိုင်အောင် တင်းကြပ်စွာချည်ထားသည်လဲမဟုတ်.
ဂျွန်ဂျောင်ကု ကိုယ်တိုင်က မရှိတော့တဲ့အရာကိုအတင်းဆွဲချည်သိမ်းထုတ်ထားခြင်း.
ပင်ပန်းလွန်းတဲ့ပုံရိပ်တွေကြောင့် ထပ်မကြည့်နိုင်ပေ.
သူတို့လာတိုင်းအမြဲဒီပုံဘဲဖြစ်နေတဲ့ ဂျောင်ကုကိုနေသားကျနေပေမယ့် သူ့သူငယ်ချင်းဒီလိုဖြစ်နေတာ မကြည့်ရက်နိုင်.သူကိုယ်တိုင်အေးစက်ပေမယ့် ဂျောင်ကုကသူ့ထက်ပိုဆိုးနေတဲ့အမျိုး.တစ်နေ့စကားတစ်ခွန်းတောင်ပြည့်အောင်မပြောနိုင်ဘဲ မှင်သေသေစရိုက်နဲ့
လူတွေကြားမှာချေသလိုပုံဖြစ်နေပေမယ့် ဖြစ်ရတဲ့အကြောင်းက သူနဲ့ဟိုဆော့ကလွဲဘယ်သူသိနိုင်မှာလဲ.
လူတွေရှုပ်ရှုပ်ရှပ်ရှပ်ဖြစ်နေသည်ကိုမကြိုက်သည့်ဂျောင်ကုအတွက် သူတို့လဲ ဂျောင်ကုအဆင်ပြေဖို့ တက်ရောက်ရမည့်အခန်း၏ ထောင့်ကျကျအတန်းမှာဝင်ထိုင်လိုက်ရသည်.
နံရံနားကပ်နေသည့် ဂျောင်ကုဘေး ဟိုဆော့ဝင်ထိုင်ပြီး သူကဟိုဆော့ ဘေးမှာ.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်