part 5

435 35 3
                                    

......လောကမှာအရေးကြီးဆုံးက ပိုက်ဆံလား.

ပိုက်ဆံတဲ့လေ..

အဲ့တာက ပျော်ရွှင်နိုင်လား?

ဒါပေမယ့်သူ့အတွက်လိုအပ်နေတာ မေတ္တာပေးနိုင်မဲ့ ကူညီပေးနိုင်မဲ့လက်တစ်စုံသာလိုအပ်နေတာပါ.
ပိုက်ဆံက လူတချို့တွက်အလိုအပ်ဆုံးဖြစ်နေသလို သူ့အတွက်က နွေးထွေးသောမေတ္တာတွေကသာအရေးကြီးဆုံးဖြစ်နေခဲ့တာ.
........................................................................

ကျောင်းမှာအမြဲအနိုင်ကျင့်ခံရတယ်.ချောက်ချခံရတယ်.နဂိုကထဲကလူကအကောင်သေးနေတာကြောင့်လဲပါနိုင်သည်.

သူဘာလုပ်နိုင်မှာလဲ.
ပြန်ခုခံရမလား.
တိုင်ကြားကြည့်ရမလား.
ဟျောင်းကိုသွားပြောကြည့်လို့ ပင်ပန်းနေတဲ့ဟျောင်းစိတ်ညစ်သွားမလား.
ဝမ်းနည်းသွားမလား.
ဂျီမင် တွေးပေးတတ်ခဲ့တယ်.

အိမ်ပြန်လာတိုင်းအပြုံးနဲ့အမြဲကြိုဆိုတဲ့ဟျောင်းရှိနေတာဘဲ သူအားငယ်စရာမလိုဘူး.
ကောလိပ်ပထမနှစ်နဲ့ထွက်ပြီး မိဘတွေထားခဲ့တဲ့ ကုမ္ပဏီကိုဦးဆောင်နေရသူ ဟျောင်း.
ငယ်ရွယ်သေးတယ်
ကောလိပ်တောင်မပြီးသေးဘူး
ဒီလိုအကြောင်းပြချက်တွေနဲ့ဟျောင်းကိုကုမ္ပဏီက ပထုတ်ဖို့ရှယ်ယာရှင်တွေက စုဝေးပြီးတိုင်ပင်ကြတယ်.

ဖြစ်ချင်တော့ ဟျောင်းကိုပရောဂျက်တစ်ခုပေးသည်.
စမ်းသပ်ချင်ကြတာ
မလုပ်နိုင်ဘူးလို့ လျှော့တွက်လိုက်ကြတာ.
ပြင်သစ်က ခေါ်ဖို့ခက်နေတဲ့ စီးပွားရေးလုပ််ငန်းရှင်ကို ကုမ္ပဏီအတွက် ရှယ်ယာဝင်နိုင်အောင်လုပ်နိုင်ရင် ဒီကုမ္ပဏီရဲ့အုပ်ချုပ်သူနေရာပေးမည်ဟုဆိုတယ်.

ရက်စက်ကြတာမဟုတ်ဘူးလား.
အဲ့တာစီးပွားရေးသမားတွေဘဲ.
သူတို့သားအရွယ်ဘဲရှိတဲ့ကောင်လေးတစ်ယောက်
မိဘအမွေကိုလွတ်လွတ်လပ်လပ်တောင် ဆက်ခံခွင့်မရှိဘူး.ဟျောင်းအရမ်းပင်ပန်းနေရတယ်.ကုမ္ပဏီကလူတွေက ဟျောင်းကို အရွယ်နဲ့မလိုက်တဲ့အလုပ်တွေပေးတယ်.

သို့သော်ကံကောင်းသည်က
ဟျောင်းပြင်သစ်သွားပြီး ထိုလုပ်ငန်းရှင်ကို သွားစည်းရုံးတာအောင်မြင်ခဲ့သည်.ထိုလုပ်ငန်းရှင်ကလဲ taeမိဘတွေဖြစ်နေပြီး ဟျောင်းလိုအရည်အချင်းရှိတဲ့ကောင်လေးက မိဘတွေမရှိဘဲ ရုန်းကန်နေရတဲ့ပြသနာတွေကိုသိပြီးကူညီခဲ့ကြတယ်.

first and only unkonwn loveWhere stories live. Discover now