''lues မင်းဒီညသေချာစုံစမ်း ထူးခြားတာရှိရင်ဖုန်းဆက်လိုက်.. ''
''ဟုတ်ကဲ့ boss..''
ပြောပြီး အိပ်ပျော်နေတဲ့ကိုယ်ငယ်လေးကိုဖြည်းဖြည်းလေးပွေ့ချီကာ ကားထဲမှထွက်လာခဲ့သည်.ကွန်ဒိုထဲဝင်တဲ့အချိန်တောင်သူ့စိတ်ထဲ တစ်ခုခုဖြစ်နေသလို စိုးရိမ်နေသေး၍ သူ့လူတချို့ကိုကွန်ဒိုနားရှိစေကာ...အခန်းဆီဦးတည်ချီသွားခဲ့သည်.
တိုက်ခန်းထဲရောက်သည်နှင့် ဂျီမင်အရင်ကနေခဲ့တဲ့အခန်းလေးထဲ ဝင်လာကာအမြဲအိမ်အကူအဒေါ်ကြီးသန့်ရှင်းပေးထား၍ သူအထူးတလည်ပြင်ဆင်ပေးစရာမလိုပေ.ကုတင်ပေါ်ဖွဖွလေးချကာ မနိုးမှန်းသိတာမို့ စောင်လေးကိုရင်ဘက်ထိလွှားခြုံပေးလိုက်သည်.ထို့နောက်ဖုန်းမြည်သံထွက်ပေါ်လာ၍ သူအခန်းပြင်ထွက်လာခဲ့သည်.
''လုစ်... ပြော..''
''boss ကျွန်တော်ဗုံးထောင်ခဲ့တဲ့ကောင်တွေကိုမိပါပြီ..အခုဂိုထောင်မှာခေါ်ထားတယ်..သူတို့က bossတို့မလာခင်ထိအဲ့ကားပါကင်ကိုဘယ်သူမှမဝင်အောင်စောင့်နေပြီး..bossတို့လာမှထွက်ပြေးသွားခဲ့တာ ..cctvတွေကပေါက်ကွဲမှုနဲ့ပါသွားပေမယ့်..ကျွန်တော့တို့နီးစပ်ရာက နေရာတွေကသက်သေယူထားပါတယ်...''
''အဲ့တာဆို publicမှာဗုံးထောင်သလိုအကြောင်းပြပြီး..ငါတို့ကိုဘဲပစ်မှတ်ထားတာပေါ့..wow..အကြံကသိပ်မဆိုးဘူးဘဲ..''
''ဟုတ်ပါတယ် bossဘယ်သူမှမထိခိုက်ပါဘူး ကားတွေကလွဲလို့..''
''အဲ့ကောင်တွေကိုခိုင်းတဲ့သူရှိလား..''
ထိုအချိန် လုစ် ကအသံတိတ်သွားပြီး သံတုတ်တစ်ချောင်းရဲ့ရိုက်နှက်သံတစ်ခုအပြင်လူတစ်ယောက်ရဲ့နာကျင်စွာအော်ညီးသံကို ကြားလိုက်ရသည်.ကောင်းကောင်းမပြောလို့ ရိုက်နှက်မေးနေရတဲ့သဘောပင်.တအောင့်ကြာမှ ဖုန်းဖြေလာသည်.
''သူ့နာမည် အီဟန်လို့ပြောပါတယ်boss..သူတို့ဒေတာတွေ ကျွန်တော်တို့စုံစမ်းရတာတော့မူးယစ်ဆေးနဲ့လက်နက်တွေမှောင်ခိုလုပ်နေတဲ့အသိုင်းအဝိုင်းကြီးကလူတွေပါ...ခိုင်းတဲ့သူနာမည်က...ဂျူယူနာလို့ပြောပါတယ်...''
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်