....
ဆေးရုံတွင် လိုအပ်တာများလုပ်ပြီးသည်နှင့် ဘာမှစိတ်ပူစရာမရှိတော့ပြီမို့ အတူတူပြန်ခဲ့ကြသည်။
ကားပေါ်တွင် ဘေးတစောင်းထိုင်နေသည့် မျက်ဝန်းမှေးအား မျက်တောင်မခတ်ထိုင်ကြည့်နေမိသည်ကို ဝန်ခံပါတယ်။
ငယ်ငယ်တုန်းကနှင့်ကွာခြားမှုကြီးကြီးမားမားမရှိသည့်အပြင် အများကြီးခန့်ညားလာသည်။
ပါးဖောင်းလေးက အကောင်းဆုံးကြီးပြင်းလာခဲ့တာဘဲ။"ကုကီး ဘာတွေသဘောကျနေတာလဲ"
''အမ်? ဘာ ဘာဖြစ်လို့လဲ''
''တစ်ယောက်ထဲပြုံးနေတော့ ဘာတွေများအဲ့လောက်သဘောကျနေလဲလို့..''
''အာ ဘာမှမဟုတ်ပါဘူး''
''ခဏနေ အိမ်ရောက်တော့မယ် ကုကီးအိမ်လိုက်ခဲ့အုန်းမလား?''
''ကျွန်တော်လာလို့ အဆင်မပြေသေးဘူး ထင်ပါတယ်''
''ဘာလို့လဲ?''
ဂျင်ဟျောင်းကိုတွေ့ဖို့အတွက် ကျွန်တော့်မှာအသေအချာစီစဥ်ထားတာတွေမရှိသေးလို့ပါလို့ပြန်ပြောချင်မိသည်။
သူဒါတွေမသိရအောင်ထိမတုံးပါဘူး။
စုံစမ်းလို့သိခဲ့ရတဲ့အထဲ ဂျင်ဟျောင်းပါထွက်သွားတာသည် သွေးရိုးသားရိုးမှမဟုတ်ပါဘဲ သူ့ရဲ့အသုံးမကျမှုကြောင့် ဟျောင်းနဲ့တွေ့ဖို့အဆင်မပြေနိုင်ပေ။
မတော်လို့ မျက်ဝန်းမှေးကိုသူနဲ့တွေ့ခွင့်မပေးရင် ရင်ကွဲရချည်ရဲ့။''အခုဂျီမင့်အိမ်လိုက်ခဲ့ရင် ကျွန်တော်ကမပြင်မဆင်ကြီးနဲ့လေ နောက်မှသေချာပြင်ဆင်ပြီးလာခဲ့ပါ့မယ်''
''အဲ့တာတွေလိုလို့လားကွာ''
''လိုတယ်ဆိုလိုလိုက်ပါ ဂျီမင်ရှီ..''
''ဟုတ်ပြီဟုတ်ပြီ ပြောမနိုင်ရင်နောက်မှပေါ့ အခုအခြေအနေသာဆိုရင်လဲအဆင်မပြေလောက်သေးပါဘူး''
''အမ် ဘာအဆင်မပြေတာလဲ''
''ဘာမှမဟုတ်ပါဘူး ကုကီးရယ် အာ အိမ်တောင်ရောက်လာပြီ သွားရတော့မယ်''
''ဂျီမင်''
ဆင်းဖို့လုပ်နေသူလေးအား မခွဲနိုင်စွာ လက်ကလေးလှမ်းဆွဲထားမိသည်။
YOU ARE READING
first and only unkonwn love
Fanficဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်