💙💙
မိုးရေစက်တွေကုန်လွန်လာလို့ ရပ်တန့်မသွားနိုင်တဲ့ရာသီစက်ဝန်းထဲအေးစက်စက်ဆောင်းအချိန်အခါသို့ ရှေ့ဆက်နေရအုံးမှာဖြစ်သလို သူလဲရှေ့ဆက်တိုးချင်တာ
ဝမ်းနည်းပါတယ်ဆိုတဲ့မျက်ရည်လယ်မနေချင် တစ်ခုခုဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အတူသို့သော်မတွေးမိတာက မိုးရေစက်ဆိုတာ မကုန်လွန်နိုင်ဘဲခိုအောင်းနေတာ တိမ်တိုက်ထဲမှာ အချိန်တစ်ခုကိုစောင့်သလို ကုန်လွန်သလိုထင်ရတာ အေးစက်တဲ့ရာသီကိုကူးပြောင်းမှာမို့
ရှေ့ဆက်တိုးမှုဟာ လက်မလျှော့နိုင်လို့ ထားပါတော့ အဲ့တာကသိသာသေးတယ် မိုးရေတွေမကုန်လွန်သလို မျက်ရည်တွေဟာကုန်ခမ်းနိုင်ပါ့မလား အချိန်တစ်ခုစောင့်သလို အဲ့အချိန်မှ ပြိုလဲကျဦးမှာလား အေးစက်တဲ့ရာသီကိုကူးပြောင်းသလို ရှေ့ဆက်ရင်ပိုဆိုးနိုင်မလား အဲ့တာတွေမတွေးခဲ့ဘူးလေ.သူမတွေးခဲ့ဘူး.
ပြောင်းလဲမှာလား ဆိုတော့ အဖြေကမျှော်လင့်ချက်တဲ့.ပြောင်းလဲမှာပေါ့ ကြိုသိတဲ့သူမရှိနိုင်ဘူး.သို့သော်ကောင်းသောပြောင်းလဲခြင်းလဲ မဖြစ်နိုင်ဘူး.တွေးမိမှာမဟုတ်
သူရှေ့ဆက်တိုးပြီးအရာရာကို ပြောင်းလဲချင်စိတ်ဘဲရှိတယ်.သူလိုချင်တာမေတ္တာတရား.ဘေးနားမှာအများကြီးရှိရက်နဲ့ အမှောင်ဖုံးကာ မမြင်နိုင်.တစ်ဦးတည်းပါဘဲ.အဲ့တစ်ဦးတည်းဘဲ သူမြင်နေတာ.ပထမဆုံးနွေးထွေးပေးခဲ့သူမို့ သူကွက်ကွက်ကွင်းကွင်းကြီးကိုမေ့မရတာ.သို့သော် သူမရနိုင်ဘူးဟု မသိစိတ်ကသတိပေးနေတာကို အသိစိတ်ကပြောင်းလဲပစ်ချင်နေတာ.
တိုးပေါ့.ရှေ့ဆက်တိုးကြည့်လိုက် ဘာဖြစ်မလဲသိရတာပေါ့............
''တီလေး ကုကီးအခန်းထဲမှာဘဲလား..''
ကုကီးအိမ်သို့ အသိမပေးဘဲမုန့်တွေဝယ်ကာရောက်လာတော့ အိမ်တော်ထိန်းကြီးက အပြုံးလေးနဲ့အပြေးလေးရောက်လာသည်.
''သားငယ်လေးဘယ်လိုရောက်လာတာလဲ လက်ထဲမှာအထုပ်တေနဲ့တီလေးကူသယ်ပေးမယ် သခင်လေးက သားငယ်စကားနားထောင်ပြီးအခန်းထဲကကိုမထွက်ဘူးစာလုပ်နေတာ..''
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်