''ဘာ!...နင်တို့ကို..ငါသေချာပြောထားရဲ့သားနဲ့..
ဘာလို့သေချာမလုပ်ရတာလဲ''''ဒီမှာ..ငါတို့ကjoeရဲ့သူငယ်ချင်းဖြစ်နေလို့..
မင်းကိုကူညီတာ..
ငါတို့ကိုဒီလိုပြောစရာမလိုဘူး..''''ငါ့ကို..ကူညီတာ..ဟားဟား..
နင်တို့ကိုအလုံအလောက်ပေးထားတာလေ..
အလုပ်ကိုဘယ်လိုလုပ်နေတာလဲ..Eihan''''နင်သွားလုပ်ခိုင်းတဲ့..အကောင်ကိုရခါနီးမှ..
နင့်ရဲ့အသဲစွဲသူရဲကောင်းကြီးကပေါ်လာတာလေ..''''jung..jungkookလား?''
သူမ ပြောတဲ့နာမည်ကြောင့်..
Eihanကတစ်ချက်ပုခုံးတွန့်ပြရင်း
ခေါင်းငြိမ့်ပြကာ..ထွက်သွားလေသည်..jungkookအချိုးတွေပြောင်းနေမှန်းသိလို့ နောက်ယောင်ခံလိုက်ခိုင်းခဲ့တာ..
park jiminဆိုတဲ့အကောင်ကြောင့်ဖြစ်နေခဲ့တာလေ..jungkookကို သူဘဲလိုက်ရမယ်
ဘယ်သူမှအနားကပ်ခွင့်မရှိဘူး.ယောက်ျားလေးတစ်ယောက်ဖြစ်ပေမယ့်
အမှန်အတိုင်းပြောရရင် အဲ့တစ်ယောက်ကမိန်းကလေးရှုံးအောင်လှရက်လွန်းသည်.ကလေးဆန်တယ်ပြောပြော ဂရုမစိုက်နိုင်ပါ.
အရေးကြီးတာ ထိုကောင်လေး ဂျောင်ကုနားမရောက်လာရန် အရေးကြီးသည်.
စီစဥ်ထားတာတွေသည် မပိရိဘူးပြောမရပေမယ့်
ဝင်ရောက်ပါဝင်ခဲ့သူကြောင့် ပျက်စီးသွားခဲ့ပြီ.အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့.
ဘယ်သူထွင်ခဲ့လဲမသိသော်ငြား
လိုအပ်နေသောခံစားချက်လေးတစ်ခုတည်းအတွက် အရာရာလုပ်ရဲသည်ဆိုယုံနိုင်မလား.ဂျွန်ဂျောင်ကုနား ပုံမှန်မဟုတ်တာတွေမမြင်ချင်ပါ.
မျှော်လင့်ချက်မရှိတော့မှာကို သေအောင်ကြောက်ပါ၏.........................................................................
''ထယ် ဘယ်သွားနေတာလဲ..?''
မနက်စောသေးတယ်ဆိုသည် ကိုရီးယားရောက်ကထဲက ပက်ဂျီမင်အိပ်ယာထချိန်မှာ သူ့အလုပ်သွားချိန်ဖြစ်သည်.
ကားစီးလျှင်ခေါင်းမူးတတ်သည့် သူ့အကောင်ပေါက်အကြောင်းသိလွန်း၍ အိပ်လိုက်ခိုင်းခဲ့တာ အခုမှမျက်စိကိုပယ်ပယ်နယ်နယ်ပွတ်ရင်း ပြူးပြဲကြည့်လာသည်.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်