''ဂျီမင်....''
ကြင်နာမှုအပြည့်ခေါ်ဝေါ်သံလေးကြောင့် သူပြန်မော့ကြည့်မိသည်.သူတို့စတင်တွေ့ဆုံခဲ့သည့်promiseပန်းခြံရဲ့ သစ်ပင်အကြီးကြီးအောက်မှာထိုင်ရင်းအရင်တုန်းကအကြောင်းလေးတွေပြန်ပြောကာ ခဏတဖြုတ်အပန်းဖြေနေသည်ပြောရမလားဒီနေ့က သူ့အလုပ်ပိတ်ရက်ဆိုတော့ ကုကီးနဲ့ဒီလိုလေးနေချင်မိသည်.
ပျော်ရွှင်နေတဲ့အချိန်ကာလရောက်ပြီဟုထင်သော်လဲ လွန်ခဲ့တဲ့တစ်ပတ်လောက်ကceoရိုင်သည် အကြောင်းမရှိအကြောင်းရှာကာ သူ့အလုပ်တွင်လာတွေ့တတ်သည်.သူ့မှာချစ်သူရှိပါတယ်ပြောသော်လဲဂရုမစိုက်တဲ့ပေတေတေပုံစံမျိုးဖြင့် ဟိုတလောကထယ်နှင့်တည့်တိုးသောအခါ ထယ်တောင်ထိုလူကိုသဘောမကျကြောင်းပြောသေးသည်.လာဖွင့်ပြောတယ် သူ့ကိုစဥ်းစားပေးနိုင်မလားဆိုပြီးအပြတ်ပြောခဲ့ပေမယ့်အခုထိလက်မလျော့ပေ.အလုပ်ကိစ္စတွေနဲ့ ပင်ပန်းနေချိန် အခုလိုထပ်နှောင့်ယှက်လာတော့ စိတ်ပါပင်ပန်းလာပြီ.ကုကီးကိုပြောပြချင်ပေမယ့် ဒီကိစ္စက သူကလူကြီးလေ သူဖြေရှင်းနိုင်ရမှာပေါ့.
ကောလိပ်ပြီးခါနီးမို့ စာတွေနဲ့လုံးပန်းနေတဲ့ကလေးကို သူထပ်ပြီးအပူမပေးချင်မိပါ. ကုကီးကကလေးလေးလိုဘဲ သူနဲ့ပတ်သက်ရင် ထိလွယ်ရှလွယ်မို့ တစ်ခုခုတစ်စုံတစ်ရာဖြစ်သွားရင် သူဘဲရင်ကျိုးရမှာ.
ခေါ်နေတဲ့အသံလေးကိုသူပြန်ထူးလိုက်တော့ ကုကီးရဲ့နှုတ်ခမ်းနွေးနွေးလေးက သူနဖူးပေါ်ကျရောက်လာ၍ သူမျက်စိလေးအသာမှိတ်ကာ ကြင်နာမှုယုယမှုတွေကိုသေချာခံစားလိုက်သည်.ခုနကအပူတွေဘယ်ပြေးရှာရမလဲမသိတော့.
''တစ်ခုခုဖြစ်လို့လားဟင် ဂျီမင်ဒီရက်ပိုင်းမှိုင်နေသလိုဘဲ နေမကောင်းလို့လား''
စိတ်ပူ၍ အမေးတွေတရစက်မေးချလာတော့ သူ့မှာမျက်ဝန်းဝိုင်းဝိုင်းလေးကိုဒီတိုင်းပြန်ကြည့်နေမိသည်.သူ့အတွက်စိုးရိမ်ပူပန်နေတာဘဲ.
''ဘာမှမဖြစ်ပါဘူး ကုကီးနဲ့ဒီလိုလေးနေလိုက်ရင်ပင်ပန်းနေတာတွေပျောက်ကုန်ရော..''
ခပ်ပြုံးပြုံးလေးပြန်ဖြေလာသူကို မျက်နှာအနေအထားသေချာစိုက်ကြည့်ကာ ခန့်မှန်းလိုက်သည်.ပင်ပန်းနေတဲ့အရိပ်အယောင်တွေပေါ်နေပေမယ့် အလုပ်ကြောင့်များလား.တခြားအရာများရှိနေသေးသလား.သေချာစိုက်ကြည့်နေတော့ အောက်ကလူသားလေးက တစ်ဖက်ကိုမျက်နှာလှည့်သွားသည်.တစ်ခုခုဖြစ်နေတာဘဲ.သူစောင့်ကြည့်နေတဲ့ကြားထဲက ဘာတွေများဖြစ်လို့လဲ.ဂျီမင်နားအမြဲတစေလူလွှတ်ကာစောင့်ကြည့်ခိုင်းထားပေမယ့် ဟန်ပျက်နေတာမျိုးမတွေ့ချေ.အလုပ်ကိစ္စနဲ့တွေ့ဆုံရတဲ့လူတွေကလွဲ ဂျီမင်ကိုယ်တိုင်လဲတစ်သီးတစ်သန့် သွားလာတတ်သည်.ဒီလိုပုံမှန်လေးဖြစ်နေတယ်လို့ ထင်မိနေတာ မှားပြီလား အလုပ်ကိစ္စနဲ့ပတ်သက်သမျှလူတွေကိုပါ ဘာအကြောင်းကြောင့်တွေ့လဲဆိုတာကအစသူသိရမှဖြစ်တော့မည်.ဂျင်ဟျောင်းကလဲ စောင့်ရှောက်ပေးတယ်.ကင်ထယ်ယောင်းကလဲ အမြဲတမ်းမဟုတ်တောင် ဂျီမင့်အတွက်ဆိုစိတ်ချရတဲ့လူ.ဘာတွေကများ ငါ့မျက်ဝန်းမှေးကိုမှိုင်တွေနေစေရတာလဲ.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်