အိမ်ရှေ့မှာမျက်လုံးချင်းစစ်တိုက်နေ၍ မဖြစ်တာကြောင့်အိမ်ထဲလေးယောက်သားဝင်လာခဲ့သည်.
ဆိုဖာပေါ်တွင်မျက်နှာချင်းဆိုင်၂ယောက်ဆီဝင်ထိုင်လိုက်ကာ ဂျင်နဲ့ဂျီမင်သည် ထိပ်တိုက်မျက်ဝန်းချင်းဆုံနေရာမှ ဂျောင်ကုသည်ဂျီမင်လက်ကလေးကို ဆုပ်ကိုင်ပေးထားသည်.
မျက်ဝန်းအရှိန်ကိုလျှော့ချလိုက်ကာ သက်ပြင်းခပ်ပါးပါးလေးချလိုက်သူဂျင်သည် မျက်ဝန်းလေးကိုအချိန်တစ်ခဏမှိတ်ချထားသည်.ဘေးနားက ပါးချိုင့်နက်ကြီးနဲ့လူသားမှာတော့ ဂျင့်ကိုသာနူးညံ့မှုတွေနဲ့သာ ကြည့်စုံနေသည်.သူဝင်ပါလို့ရတဲ့ကိစ္စမဟုတ်.ဒါပေမယ့် မနက်အစောကြီးသူ့ကိုဖုန်းဆက်ခေါ်ကာလာခဲ့ရန်ပြောတဲ့ ပန်းရောင်လူသားလေးကြောင့်သူဒီမှာ အခုလက်ရှိထိုင်နေရခြင်း.
ခဏတာငြိမ်သက်သွားတဲ့အခြေအနေတွင် ဂျီမင်သည်စိုးရိမ်မှုတွေ ရေချိန်မြင့်လာသည်.ဟျောင်းအခုလို ငြိမ်သက်နေရင် သူစိတ်ပူပါသည်.
''ဟျောင်း~''
တိတ်ဆိတ်နေမှုကိုဖြိုခွင်းကာ လေသံခပ်ဖျော့ဖျော့လေးခေါ်လာသူသည် ခုနက အချိန်တိုအတွင်းလောင်မြိုက်သွားနိုင်မဲ့အကြည့်စူးစူးတွေနဲ့လုံးလုံးမျှမသက်ဆိုင်တော့ပေ.
ထိုအခါမှမှေးမှိတ်ထားတဲ့ဟျောင်းရဲ့ မျက်ဝန်းလှလှလေးတွေမှာ အရည်ကြည်လေးတွေလဲ့နေလျက် ပြန်လည်ကြည့်လာသည်.ဒါသူထင်ထားတဲ့အခြေအနေနဲ့ ဗြောင်းပြန်ဖြစ်နေပြီမှန်း ဂျီမင်သိလိုက်ပြီ.သူအရိပ်အကဲခတ်တာတော့ တိကျမြန်ဆန်ပါတယ်.
''ဟျောင်းဆီလာပါဦး....ကလေးလေး''
လက်ကလေးနှစ်ဖက်ဆန့်တန်းကာ သူ့ကိုဆီးကြိုခေါ်လာသူသည်..သူ့လုပ်တာတွေလွန်နေမှန်းသိသာကြောင်း တရိပ်ရိပ်ခေါင်းထဲအနှေးကွက်လိုပြသလာပြီး ဘာမှထပ်မတွေး ကုကီးလက်လေးကိုဖွဖွလေးပြန်ကိုင်ကာ လွှတ်လိုက်ပြီး ဂျင်ဟျောင်းနားဝင်ထိုင်လိုက်တော့ သူ့ကိုနွေးထွေးစွာပွေ့ဖက်လာသည်.ပုခုံးပေါ်မှီချလာတဲ့ဟျောင်းဟာ ဘာတွေပြောချင်နေလို့ မပြောခင်တောင်ဒီလို အားပျက်ပင်ပန်းနေရလဲ....
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်