မနက်စောစီးဝေလီဝေလင်းအချိန်တွင် ကုတင်ဖြူဖြူလေးပေါ်၌ နွေးထွေးစွာပွေ့ဖက်အိပ်ပျော်နေသူ၂ဦး...
နေရောင်ခြည်နုနုလေးတွေက မျက်နှာပေါ်လျှပ်ပြေးလာတဲ့အချိန်မှာတော့ ရင်ခွင်အကျယ်ကြီးတွင်အိပ်စက်နေသူလေးဟာ ပထမဆုံးနိုးထလာခဲ့သည်။
ကိုယ်ငယ်လေးကိုတင်းကြပ်စွာပွေ့ဖက်ထားပြီး အပူအပင်ကင်းစွာအိပ်ပျော်နေသည့် ကောင်လေးမှာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုမှိတ်ထားတာတောင် အလွန်ဖြူစင်ပြီးယောက်ျားဆန်တဲ့အသွင်လေးတွေစီးဆင်းနေတုန်းဘဲ.မနေ့ညကအဖြစ်ကိုပြန်တွေးပြီး စူးပြီးကျင်လာသည့် အောက်ပိုင်းတစ်နေရာနှင့် ချွေးတွေစိုကာ မောဟိုက်နေတဲ့kookieပုံစံသည် အခုလိုအိပ်မောကျနေသည့်ပုံစံလေးနဲ့ကွဲပြားစွာ ယောက်ျားဆန်မှုအပြည့်ဖြင့် အလွန်ကြည့်ကောင်းခဲ့သည်.
hyungရဲ့စကားတွေပြန်ကြားယောင်လာတာကြောင့် ဖြူစင်တဲ့မျက်နှာလေးကိုကြည့်ပြီးပြုံးနေတဲ့မျက်နှာလေးဟာ မဲ့ကျသွားသည်.
ဒီကိစ္စတွေkookieကိုအသိပေးသင့်သလား.သူသေချာမတွေးနိုင်တော့ပါ.
''နိုးနေပြီလား ဂျီမင်...''
ပျင်းတွဲတွဲ အက်ရှရှအသံလေးဖြင့် သူ့မျက်နှာကိုငုံ့ကြည့်ကာမျက်စိတစ်ဖက်ထဲဖွင့်ပြီး မေးလာသည်.
''အင်း..ကုကီးကအိပ်ပုပ်လိုက်တာနော်..''
ရီစစဖြင့် kookieရဲ့ပါးလေးကိုဆွဲကာပြောလိုက်တော့ မျက်လုံးနှစ်ဖက်လုံးဖွင့်လာကာ ရီမောလာသည်.
''အဲ့လိုမဟုတ်ပါဘူး...ဒီလိုနွေးထွေးတဲ့အရာလေးကိုဖက်ပြီးအိပ်နေရတော့ အကြာကြီးအိပ်ပစ်ချင်လို့ပါ''
သူ့စကားကိုခပ်ပြုံးပြုံးလေးပြန်ဖြေလာသူသည်...သူရဲ့ပြောချင်နေတဲ့စကားတွေကို မပြောနိုင်ရန် တားမြစ်နေသလိုပင်.
''ကုကီး..''
''အင်း..ပြောလေဂျီမင်''
သူပြောရန်အရှိန်ယူကာ မော့ကြည့်လိုက်တော့ ဖြူစင်ရှင်းလင်းနေတဲ့မျက်နှာလေးကြောင့်ဝမ်းနည်းသွားရန်ထပ်မလုပ်ချင်..
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်