...
kookieပြေးထွက်သွားချိန်တွင်
အသဲယား၍ပါးလေးအားဖျစ်ညှစ်ဆွဲချင်သော်လဲ အပြေးသန်တဲ့ကလေးလေးက သူ့မြင်ကွင်းထဲမှ အလျင်အမြန်ပျောက်ကွယ်သွားပြီဖြစ်သည်မို့ အိမ်ထဲသို့ဝင်လာခဲ့သည်။
အဒေါ်ကြီးသည် သူ့ကိုမြင်သည်နှင့် hyungကသူ့အားစာကြည့်ခန်းထဲတွင်စောင့်နေသည်ဆိုတာကြောင့် အပေါ်တက်မယ့်သူ့ခြေလှမ်းတွေကိုစာကြည့်ခန်းလေးဆီဦးတည်ခဲ့သည်။
''ဟျောင်း..ဂျီ့ကိုစောင့်နေတာဆို..''
လှမ်းအသိပေးကာအခန်းထဲသို့ဝင်လာလေတော့ စာကြည့်ခုံရှေ့မှာထိုင်နေတဲ့အစ်ကိုက သူ့ဘက်ကိုလှည့်လာသည်။
ပုံပေါ်ပြီး ဝမ်းနည်းရိပ်များလျှပ်သန်းနေသလိုပင်။
ဘာများဖြစ်လို့လဲ။''ဒါလေးတစ်ချက်လောက် ကြည့်လိုက်ဦး ဂျီ..''
ပြောပြီးသူ့ရှေ့ကိုရောက်လာတဲ့ ဖလင်လေးထောင့်ပုံကလေးတွေကိုကြည့်လိုက်ချိန်
''ဟျောင်း...''
kookie နဲ့သူအတူလမ်းလျှောက်နေပုံအပြင်
ဒီနေ့တွေ့ဆုံခဲ့မှုရဲ့တစ်စိတ်တစ်ပိုင်းသောပုံတွေကြောင့် သူအနည်းငယ်အံသြသွားသလို စိတ်ထဲဖျင်းခနဲခံစားမှုလဲဖြစ်ပေါ်လာသည်။
hyungက သူ့ကိုနောက်ယောင်ခံလိုက်ခိုင်းထားတာလား။''ဂျီ ဟျောင်းပြောတာတွေအရေးမစိုက်ဘူးဘဲ''
''ဟျောင်း ဂျီ ကုကီးကိုချစ်တယ်..''
ရင်ထဲမှနှစ်နှစ်ကာကာထွက်လာသောဝန်ခံမှုတစ်ခုနှင့်
မျက်နှာတွင်ပြတ်သားသောအရိပ်အယောင်အပြည့်ရှိနေသူကြောင့် jinသူ့ဘက်က လျော့ပေးလို့လုံးဝမဖြစ်ကြောင်း အသိစိတ်ကသတိပေးနေသည်။အရင်တစ်ခေါက်က ဖြစ်ခဲ့ဖူးသည့်အဖြစ်ဆိုးကြီးမှာ kookieဆိုသူနှင့်အတူရှိနေချိန် အပေါင်းအပါတွေရဲ့လုပ်ကြံမှုကြောင့်ဖြစ်ခဲ့တယ်ဆိုတာ သူသိပါသည်။
မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကို လက်မခံချင်ဘဲ ရလာခဲ့မှုကြောင့် အကုန်အလဲလဲအကွဲကွဲတွေဖြစ်ခဲ့ပြီးလို့ သူတားနေတာကို ရှေ့ဆက်တိုးနေသေးမှုဟာ သူ့အတွက်ကြောက်ရွံ့မှုစိုးထိတ်မှုတွေအကုန်လုံးကို အစကနေပြန်ပြီးနှိုးဆော်လိုက်သလိုပင်။
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်