''ဂျီမင်! မင်းအဆင်ပြေရဲ့လား''
ထယ့်အတွက် မနက်စာပြင်ဆင်ပေးနေရင်း ညာဘက်လက်ကဆစ်ခနဲအောင့်လာသည်.
အချိန်ပြောင်းလဲမှုနှင့်
ရာသီဥတုကွဲပြားမှုမှာ အသားမကျ၍ဖြစ်မည်.
ထိုသို့ဖြစ်ရာ မတ်တပ်ကြီးရပ်ပီးလက်ကိုကိုင်ရင်း မျက်နှာကြီးရှုံ့မဲ့နေတော့ ထယ်ကစိတ်ပူ၍မေးလေပြီ.''ရပါတယ် အဆင်ပြေတယ်''
''ဂရုစိုက်လေကွာ မင်းကိုပြောတယ်အပြင်မှာထွက်စားမယ်ဆိုတာ ဘာလို့ပြင်နေရတာလဲ''
''ဟျောင်း ငါ့ကိုသင်ပေးထားတာလေးတွေ မင်းကိုချက်ကျွေးချင်လို့ပါ''
''အခုပြီးပြီမလား ဆက်မလုပ်နဲ့တော့ နောက်ခါငါ့ကိုပြောငါကူလုပ်ပေးမယ်
အိမ်ကိုအကူခေါ်ရင်ကောင်းမလား..?''ထယ်က သူ့ကိုမနက်စာစားရန်ခုံမှာဝင်ထိုင်စေပြီး အိမ်ကိုအကူခေါ်ရန်စဥ်းစားသလိုပြောလာသည်.
''မခေါ်ပါနဲ့ ငါတို့၂ယောက်ထဲရှိတဲ့ဟာ မင်းကုမ္ပဏီသွားရင် ငါရှိနေတာဘဲ ငါဘဲလုပ်မယ်''
သူထိုသို့ပြောလေတော့ ထယ်ကသက်ပြင်းချပြီး သူ့အားခပ်မှိုင်မှိုင်ကြည့်လာသည်.
''မင်းငါပြောတာ နားထောင်နေရဲ့လားမင်းကိုမလုပ်စေချင်လို့ ခေါ်ဖို့ပြောနေတာကွ''
''ငါအဆင်ပြေပါတယ်ဆို..''
''မရဘူး ငါခေါ်လိုက်မယ် မင်းဘာမှမလုပ်နေနဲ့ မင်းတစ်ခုခုဖြစ်ရင် ငါဘဲရှေ့ဆုံးက စိတ်တွေပူနေရတာ''
ထယ်ကသူပြောနေလဲခေါင်းဆက်မာပြီး နားထောင်မှာမဟုတ်၍ ဘာမှထပ်မပြောဘဲ မနက်စာသာကုန်းစားနေလိုက်သည်.
သူ့ရှေ့ကိုထယ်က ရေခွက်တိုးပေးသည်.
ဒီလိုအသေးအမွှားကအစ ထယ်ကသူ့ကိုဂရုစိုက်ပေးနေခြင်းသည် အရွယ်မရောက်ခင် ကလေးသာသာထဲက.
ဘယ်သူကအငယ် ဘယ်သူကအကြီးမှန်းမသိဘူး.သူကထယ့်ထက်၂လကြီးသည်.
သိပ်မကွာပေမယ့် သူ့ဆိုထယ်ကကလေးလေးလိုဆက်ဆံတတ်တယ်.မနက်စာစားပြီးထယ်က ကုမ္ပဏီသွားရမှာမို့ ခဏနေအိမ်ကိုကူဖို့ အဒေါ်ကြီးလာမယ်ပြောပြီးသေချာဂရုတစိုက်နေရန် မှာကာ ထွက်သွားလေသည်.
YOU ARE READING
first and only unkonwn love
أدب الهواةဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်