မနက်ခင်းနေခြည်နွေးနွေးလေးသည်မပူလောင် မိုးတွင်းအချိန်အခါလဲဖြစ်နေသည်မို့ ချမ်းစိမ့်စိမ့်လေးဖြစ်နေသေးသည်.ဒီနေ့ သူ့ကလေးလေးဘွဲ့ယူမည့်နေ့ပင်.တစ်ပတ်လုံးလုံး အိမ်ကမပြန်ဘဲ သူ့ဘေးနားအနီးကပ်စောင့်ရှောက်ပေးမှုကြောင့် အတော်ပင်ပျော်ရွှင်ခဲ့ရသည်.ရေမိုးချိုးပြီးအမြန်ပြင်ဆင်ရမည်.
ကုကီးလာရင်အသင့်ဖြစ်နေစေရန်.
သူဘွဲ့ယူရင် မဖြစ်မနေလိုက်ကြည့်ရမည်ဆိုသောကြောင့်ပင်.ဟျောင်းကမနက်ထဲက အစည်းအဝေးတစ်ခုကြောင့်အစောကြီးအလုပ်ကိုသွားရသည်.မလိုက်နိုင်တော့ဘူးထင်ပါရဲ့.ဂုဏ်ပြုပေးစကားလေးတော့အမှာတော်ပါးခိုင်းသည်.ပြင်ဆင်ပြီးဘယ်လောက်မှမကြာပေ.ကုကီးဆီကဖုန်းတစ်ကောကြောင့် ရင်တထိတ်ထိတ်ဖြစ်နေရသည်.ကုကီးမိဘတွေလဲရောက်နေတာမို့ သူ့ကိုပေးတွေ့မည်ဆိုသောကြောင့်ပင်.လူက စိတ်လှုပ်ရှားရင်အမှားပိုလုပ်တတ်သည်မို့ စိတ်မနည်းအေးအောင် အခန်းထဲကုတင်ပေါ်ကျောက်ရုပ်လိုထိုင်နေမိသည်.ဘာဘဲဖြစ်ဖြစ် ကိုယ့်ချစ်ရသူရဲ့မိဘတွေမဟုတ်လား.အမှားအယွင်းမရှိအောင်တော့နေစေချင်သည်.သူ့အတွက်အရေးပါတာမို့.
.............................
မနက်စောစောစီးစီး ဟိုဆော့ပို့ပေးလိုက်သောဘွဲ့ဝတ်စုံကိုယူကာ ရေချိုးပြင်ဆင်ပြီးသည်နှင့် မနက်စာစားရန် မျက်ဝန်းမှေးပါခေါ်ပြီး မိဘတွေနှင့်မိတ်ဆက်ပေးချင်သည်.ချစ်ရသူအနေနှင့်ရော လက်တွဲဖော်အနေနဲ့ပါ.
ကိုယ့်အတွေးတွေနဲ့ကို ပြုံးစိစိဖြစ်နေကာ မိဘတွေကိုခွင့်တောင်းပြီးမျက်ဝန်းမှေးဆီဦးတည်သွားလိုက်သည်.ဘွဲ့ယူရမဲ့နေ့တောင် မနက်အစောကြီး ချစ်သူနှင့်မိဘတွေ့ဆုံရေးကြိုးပမ်းနေသူ ဂျောင်ကုပါရယ်.
ကားအနက်ရောင်လေးအိမ်ရှေ့ဆိုက်ရောက်သည်နှင့် အပြုံးပန်းဝေဆာနေသူသည် ကားပေါ်မှဆင်းကာအိမ်ထဲဝင်လိုက်သည်.
''ဂျီမင်..''
ဧည့်ခန်းထဲတွင်မတ်တပ်လေးရပ်ကာ လက်နှစ်ဖက်ပူးယှက်ထားသူသည် သူထင်တာမမှားရင် စိတ်လှုပ်ရှားနေသည်ထင်ပါရဲ့.
YOU ARE READING
first and only unkonwn love
Fiksi Penggemarဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်