''သားဂျွန် ကြည့်ရမ်း မေမေ့ ကလေးလေးအရွယ်ကြီးရောက်လာတာ ဟိုတစ်နေ့ကတွေ့တဲ့အရပ်ထက် အများကြီးပိုရှည်လာသလိုဘဲ''
မျက်ဝန်းမှေးကိုမပို့ချင်ပို့ချင် ပို့ခဲ့ ပြီး အိမ်ကိုပြန်လာကာ အိမ်ထဲဝင်စဥ် ဧည့်ခန်းအကျယ်ကြီးက ဆိုဖာတွင်ထိုင်နေသော မေမေသည်သူ့မြင်တာနဲ့ လက်ကလေးကိုလာဆွဲပြီးပြောလေသည်.သူ့အရပ်ကြီးကအရှည်ကြီးမို့ မေမေကသေးသွားသလို အပေါ်မှငုံ့ကြည့်ရသည့် ခံစားချက်သည် တစ်မျိုးလေးကျေနပ်ဖို့ကောင်းသည်.
''သားဂျွန်! လက်ကဘာဖြစ်ထားတာလဲ''
လက်ကလေးကိုကိုင်ကာ အားရဝမ်းသာပြောနေကာ သူကိုင်ထားတဲ့ သားလက်ကတစ်ခုခုခံနေသည်မို့ကြည့်လိုက်စဥ် လက်မှာပက်တီးဖွေးဖွေးကြီး..အိမ်တော်ထိန်းကြီးက သူမ ရောက်လာကထဲက သားဂျွန်ဘယ်လိုတွေပြောင်းလဲလာပြီး ဘယ်သူ့ကြောင့်ဖြစ်လာတာကအစ မမောနိုင် အပြုံးတွေဝေဆာပြီးပြောပြတာကိုနားထောင်ခဲ့ရ၍ သူမ ကသားဂျွန်ပျော်ရင် ဘာမှမဖြစ်တာမို့ အရင်ကထက်သက်သာပြီဆိုတဲ့စကားလေးကြောင့် မျှော်လင့်ပျော်ရွှင်နေတဲ့ အပျော်တွေသည်..ဒီလက်လေးကြောင့် အကုန်ကြက်ပျောက်ငှက်ပျောက်..
''ကျွန်တော်မနေ့က ဖန်ကွဲစရှထားလို့ပါ သက်သာနေပြီ...''
''တကယ်လား ဆေးရောအကုန်ထည့်ထားပြီးပြီလား...မေမေနဲ့ဆေးရုံသွားမလား..''
အတော်စိတ်ပူနေပြီး ဂဏာမငြိမ်ဖြစ်နေသောမေမေကြောင့် သူကဘာမှမဖြစ်ကြောင်းပြုံးပြကာ
''အရမ်းကောင်းတဲ့ဆေးလေးကြောင့် အနာကရှိမှန်းတောင် မသိရအောင်ပျောက်နေပါပြီ..''
''သားဂျွန် အခုပြုံးပြီးကြည့်နေတာလား မေမေ့ကို မေမေအမြင်မှားနေတာလား''
''မဟုတ်ပါဘူးဗျာ..''
မေမေသည်..ချက်ချင်းလက်ငင်းပင်မျက်ရည်တွေဝဲတက်လာသည်..အော်..အရမ်းစိတ်ခံစားလွယ်ပါလား..ဒီလုပ်ငန်းရှင်ကြီးက..
''အိမ်တော်ထိန်းကြီး ကြည့်ပါဦး..သားက.. ကျွန်မတကယ်ပျော်လွန်းလို့.. ဘယ်လိုလုပ်ရပါ့..''
အိမ်တော်ထိန်းကြီးကိုပါ အဖော်စပ်ကာ ပျော်နေသောမေမေကြောင့် သူတွေးမိတာတစ်ခုထဲ..ငါတော်တော် အခြေအနေဆိုးခဲ့တာလား..
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်