''ဆရာ! ရှာတွေ့ပါပြီ!! ဆရာ!''
တစ်ညလုံးရှာဖွေမှုသည်မနက်စောစောအချိန်၌ ရေစီးကြောင်းတစ်ဖက်ကမ်းတွင်မေ့မြောနေသူကိုရှာဖွေတွေ့ရှိမှုမှာ လီရိုအတွက်ခြောက်ခြားမှုတွေေခတ္တရပ်တန့်သွားစေသည်.
''သေချာစစ်ဆေးကြည့်! ..''
''အသက်ရှိပါသေးတယ် ဆရာ!''
ထိုစကားအဆုံးမြေပြင်ပေါ်ခွေရက်ကျသွားသူ.ceoအသက်ရှင်တယ်တဲ့လေ.
''ကောင်းပြီ စောင့်ကြည့်မှုနဲ့ဆေးရုံအမြန်ပို့ဖို့ပြင်..''
အမှုဖွင့်ခံထားရသူမို့ ရဲတွေဘက်ကစောင့်ကြည့်အနေအထားနဲ့ရှိနေသည်.ဆေးရုံကားပေါ်တင်သွားသည့်တလျှောက်ဖြူဖျော့နေတဲ့မျက်နှာအမူအရာဖြင့် လီရိုသည်တောက်လျှောက်နောက်ကလိုက်သွားသည်.လီရိုကမန်နေဂျာတစ်ယောက်အပြင် ကုမ္ပဏီရဲ့အမှုအခင်းတွေဆိုဝင်ပါဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီရှေ့နေတစ်ယောက်လဲဖြစ်ပေသည်.တောင်းဆိုချက်နဲ့အတူ အသနားခံမှုတွင်ထယ်တို့ခေါင်းငြိမ့်ပေးမှုဖြင့် ရိုင်နဲ့အတူလိုက်ပါခွင့်ရသွားသည်.
ထပ်မံဖြေရှင်းရမဲ့အနေအထားတစ်ခုကတော့ ထယ့်အတွက်ထိုအထိသာဆိုပေမယ့် ဂျီမင့်အတွက်အမှုပါရောဖွင့်ထားသည်ဆိုပေမယ့် ဂျီမင်မနိုးထလာသေးမှုမှာ ထယ့်အတွက်အင်အားမရှိ၍ ဒီထက်သူမလိုက်နိုင်သေးပေ.ယွန်းဂီကတော့ ဂျူယူနာအမှုကိုပါဂျူgroupဘက်အသိပေးထား၍ ကျန်တာသူတို့ဖြေရှင်းတော့မည်.သူ့အကန့်ဒီထိဘဲ.သို့သော် ဟိုဆော့အတွက်သူရှိပေးရမည်.အခုဆိုသတင်းစာတွေ တီဗီသတင်းကြေညာမှုတွေမှာထိုသတင်းကတစည်စည် ညံနေတော့မှာမို့ ဟိုဆော့ဆီအရင်ပြေးရတော့မည်.ထယ့်ခြေလှမ်းတွေဟာလဲ ဆေးရုံဆီသို့တဖန်ပြန်ဦးတည်နေပေသည်.ရိုင်နဲ့အတူ လီရိုလဲလိုက်ပါသွားတာမို့ အခုအခြေအနေတွေကိုဟျောင်းတို့အားအသိပေးရဦးမည်.
အချိန်အားဖြင့်6နာရီ.
တစ်ညလုံးလဲမအိပ် မစား တစိမ့်စိမ့်လက်ကလေးကိုကိုင်ကာနိုးထလာမည်ကိုထိုင်စောင့်နေသူသည် ဟျောင်းတို့ဘာပြောပြော မကြားသလိုသာနေနေသည်.လူနာစောင့်အနေနဲ့ဂျောင်ကုတစ်ယောက်သာအခန်းထဲနေနိုင်စေရန် အစ်ကိုဖြစ်သူက အပြင်ကခုံတန်းလေးတွင်နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုအမှီပြုရင်း မျက်ရည်တွေကြားမှေးစက်ခဲ့သည်.
YOU ARE READING
first and only unkonwn love
Fanfictieဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်