''ဂျီလေး အလုပ်တွေပြီးပြီလား..''
ရုံးခန်းထဲတွင်ကိုယ်တစ်ယောက်ထဲ စာရွက်စာတန်းတွေစစ်ကာ အာရုံအစုံအလုပ်ထဲသာရောက်နေတာကြောင့် ဟျောင်းအသံကြားမှလန့်ကာမော့ကြည့်မိသည်.
''လန့်သွားတာလား..ဟျောင်းတံခါးခေါက်သေးတယ် ပြန်မထူးတာနဲ့ပြန်များသွားပြီလားဆိုပြီးဖွင့်ပြီး ဝင်လာလိုက်တာ''
''ဂျီမကြားလိုက်လို့ပါ..ဟျောင်းပြန်တော့မလို့လား..''
စာရွက်တွေကိုစားပွဲပေါ်ပြန်ချကာဟျောင်းရဲ့မျက်နှာကိုကြည့်ပြီးပြုံးကာမေးလိုက်သည်.
''အင်း ဟျောင်းဒီနေ့လုပ်စရာတွေပြတ်သွားလို့စောစောအလုပ်ဆင်းလိုက်တော့မယ် ပြီးတော့ဟျောင်းဆေးခန်းကိုလဲသွားချင်သေးလို့..''
နည်းနည်းပြုံးတုံတုံလေးနဲ့ပြန်ဖြေလာတဲ့ဟျောင်းစကားမှာ သူစဥ်းစားစရာမလို စချင်တဲ့စိတ်တွေပေါ်လာတာနဲ့ သွားတန်းကြီးကိုဖြဲပြီးမျက်တောင်မခတ်ကြည့်ကာ.
''ဟျောင်းရယ် ဆေးခန်းသွားချင်ရင်သွားချင်တယ်ပေါ့..အဟွန်း ငါ့ဟျောင်းကတော့ဆေးခန်းသွားနေပေမယ့် အမြဲအလုပ်စောဆင်းနိုင်အောင်ကြိုးစားနေတာဆေးမမှီတော့ဘူးထင်တယ်''
စကားတွေကိုနားလည်နေ၍ နားရွက်တွေထိနီမြန်းလာတဲ့ဟျောင်းကိုကြည့်ပြီးသူရီသွမ်းသွေးမိသည်.ငါ့ဟျောင်းမှာ ဒီလိုကလေးဆန်တဲ့အမူအကျင့်လေးတွေရှိတာအံ့သြစရာဘဲ.အမြဲအလုပ်ကိစ္စတွေနဲ့လူကြီးဆန်မှုတွေနဲ့သာနေလာခဲ့သူက ဒီလိုချစ်စရာပုံလေးတွေပေါ်ထွက်လာတာကြောင့် သူတကယ်ကြည်နူးစွာကြည့်နေမိသည်.နမ်ဂျွန်းဟျောင်းက သေချာဂရုစိုက်ပေးတယ်ထင်တယ်.
''ရှက်မနေပါနဲ့ဟျောင်းရာ ဂျီလဲခဏနေပြန်တော့မှာ ဒီနေ့ကုကီးကကောလိပ်ပိတ်တော့ ညနေကသွားမတွေ့လိုက်ရဘူး ပြီးမှဖုန်းဆက်ကြည့်ဦးမယ် ဟျောင်းသွားချင်သွားနှင့်လေ..''
''ဟုတ်ပါပြီ ဒါဆိုဟျောင်းသွားတော့မယ် အိမ်သေချာဂရုစိုက်ပြန်နော် ရေချိုးပြီးရင်လဲခေါင်းသေချာသုတ်ပြီးဟျောင်းကိုစောင့်နေ ကြားရဲ့လားဂျီ''
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်