part 22

258 17 4
                                    

''hello nae....အော် ကျွန်တော်သွားလိုက်ရမလား...nae''

မနက်ကုမ္ပကီသွားနေစဥ် ကားမောင်းနေရင်း ဖုန်းလာတာကြောင့်ကိုင်ကာဖြေလိုက်သည်.

ဟျောင်း မန်နေဂျာဆိုသူသည်...အစည်းအဝေးလုပ်နေစဥ် အရေးကြီးအလုပ်တစ်ခုပေါ်လာတာကြောင့်ကျွန့်တော့်ကိုသွားပေးနိုင်မလားလှမ်းမေးခြင်းဖြစ်သည်.အခုလုပ်မဲ့ hotelဆောက်လုပ်ရေးတွင်အဓိကရှယ်ယာရှင်ဖြစ်သူသည် အခုမှကိုရီးယားကိုရောက်လာတာကြောင့်သွားတွေ့ပြီး hotelနေရာကိုလိုက်ပြကာ ဆက်လုပ်မည့်အစီအစဥ်များကိုသေချာပြောပြပေးရမည်ဖြစ်သည်.ဟျောင်းကအစည်းအဝေးခန်းထဲတွင်ရောက်နေတာကြောင့် သူသာထိုလူနဲ့သွားတွေ့ပေးရမည်.အရေးကြီးတဲ့ကိစ္စတွေက အမှားအယွင်းမရှိအောင် ယုံကြည်ရတဲ့လူတွေကိုသာလုပ်ခိုင်းသည်မှာထုံးစံပင်.

ကုမ္ပဏီကိုသွားနေတဲ့လမ်းအားဆက်သွားစရာ မလိုတော့ဘဲ ဂငယ်ကွေ့ပြန်လှည့်ကာ လက်ကနာရီကိုတစ်ချက်ကြည့်ပြီး လိပ်စာအတိုင်းမောင်းသွားလိုက်သည်.အချိန်ကလိုပါသေးတယ်.

........

မနေ့ကကုကီးနဲ့သွားတွေ့တုန်းကတောင် ယွန်းဂီနဲ့ဟိုဆော့ပါ၍ သူတို့ကစားကွင်းလျှောက်သွားလိုက်သေးသည်.ကစားကွင်းသွားမည့်အကြံပေးသူဟာ သူနှင့်ဟိုဆော့ဖြစ်သည်.သူတို့နှစ်ယောက်ရဲ့နားပူနားဆာလုပ်မှုကို မခံနိုင်တော့သည့်ယွန်းဂီတို့ဟာ ကလေးကလားကစားနည်းတွင်လိုက်ကစားပြီးပျော်ခဲ့ကြသည်.သူနဲ့ဟိုဆော့ကတစ်တွဲ ယွန်းဂီနဲ့ဂျောင်ကုကတစ်တွဲ သူတို့၂ယောက်ကစားတာတွေကိုအနောက်ကငွေလိုက်ရှင်းပေးနေသည့် sugar daddyတွေလိုမျိုး အနက်ဝမ်းဆက်ကြီးဖြင့်တကောက်ကောက်လိုက်ခဲ့ရသည်.

မနေ့က ကောလိပ်ပိတ်တဲ့သူ့ကုကီးလေးကြောင့်သာ သွားခဲ့ကြတာ သူကအလုပ်တွေမပြတ်သေး၍ ညနေအိမ်ပြန်ရောက်တာနဲ့ အလုပ်စားပွဲပေါ် ကွန်ပျူတာနဲ့မျက်နှာအပ်ခဲ့ရသည်.

.......

ကားမောင်းလာရင်း ပေးထားတဲ့လိပ်စာဆီရောက်တော့ ဟိုတယ်တစ်ခုဖြစ်သည်.တွေ့ရမည့်လူက တော်တော်ကြီးကျယ်တဲ့လူများလား. အမေရိကန်နဲ့ကိုရီးယားကပြားဖြစ်သည်လို့တော့ သူကြားပါသည်.အရမ်းတော်လွန်းပြီး အပြင်မှာဂိုဏ်းနဲ့နေတဲ့သူမျိုးဖြစ်ပြီး သူ့ရုပ်ကိုတော့ဘယ်သူမှမမြင်ဖူးကြပါ.အတွင်းရေးမှူး သို့မဟုတ် မန်နေဂျာကိုသာလွှတ်၍ ရှယ်ယာရှင်အစည်းအဝေးတွေကိုတက်ရောက်ခဲ့သည်.အခုလဲသူ့မန်နေဂျာနဲ့များတွေ့ရမလားမသိပါပေ.

first and only unkonwn loveWhere stories live. Discover now