.................ကိုယ့်စိတ်ကိုထိန်းနေချိန် လေအေးအေးလေးတွေကြောင့်လဲ ခန္ဓာကအေးစိမ့်လာပြီးစိတ်လဲအနည်းငယ်အေးသွားပြီဖြစ်သည်.
ထိုအချိန်
အရှေ့တွင်တစ်ယောက်ယောက် လာကြည့်နေသည်ဟု ခံစားရ၍ခေါင်းထောင်ကာကြည့်လိုက်တော့....မျက်..မျက်ဝန်းမှေးလေး.....................................................................
''hello ထယ်
အင်းငါအိမ်မှာဘဲ..ဘာလို့လဲ...အိုကေပါ..ရပါတယ်..ငါယူလာခဲ့ပေးမယ်.''taeကကုမ္ပဏီကနေသူ့ဆီဖုန်းလှမ်းဆက်ခြင်း.
မနက်ကမေ့ပြီး အရေးကြီးဖိုင်တစ်ခုကျန်ခဲ့လို့ အပန်းမကြီးရင်ယူလာခဲ့ပေးပါဆိုပြိး လေသံရှက်ဝဲဝဲနဲ့ပြောလာသည်.
အဲ့တာသာကြည့် သူအမှားလုပ်ထားရင်အသံကစပ်ဖြဲစပ်ဖြဲနဲ့ အမြဲဂရုစိုက်သွားပြောပေမယ့် အမြဲ ရှပ်ပြာရှပ်ပြာနဲ့အငြိမ်ကိုမရှိဘူး.ကိုယ့်အတွေးနဲ့ကိုtaeကို အတင်းတုပ်နေရင်း ဖိုင်ကိုယူကာ စားပွဲဆီမျက်စိရောက်သွားတော့ ပိတ်ကားကိုအဖြူရောင်ဝတ်လွှာကလေးနဲ့အုပ်ထားပြီး စာအုပ်ပြာလေး ကိုလဲထုတ်ထားပြီးပြန်မသိမ်းရသေးပေ.
အင်း...
taeဆီဝင်ပြီး ဟိုပန်းခြံထဲမှာဖြစ်ဖြစ် ပုံထိုင်ဆွဲနေရင်ကောင်းမလား.
အတွေးနဲ့အတူတစ်ချက်ပြုံးလိုက်ပြီး စာအုပ်ပြာကိုယူကာ ဖိုင်နဲ့အတူ taeကုမ္ပဏီဆီဦးတည်လိုက်သည်.''ထယ်..ဒီမှာ.''
''ကျေးဇူး ဂျီမင်.. ငါဒါလိုအပ်တယ်ဆိုပြီးအသေအချာ ထုတ်ထားရဲ့သားနဲ့ ဖုန်းလာလို့အမြန်ထွက်ခဲ့ရတာ မေ့သွားလို့...''
taeက သူကမ်းပေးတဲ့ ဖိုင်ကိုယူပြီးပြုံးပြကာ သူမေ့ခဲ့တဲ့ အကြောင်းရှင်းပြလေသည်.
သူဒီနေ့အပြင်ထွက်မဲ့အကြောင်း taeကိုအသိပေးသင့်တယ်မဟုတ်လား.''ထယ် ငါဒီနေ့ညနေ မင်းပြန်ရောက်မယ့်အချိန်မှ အိမ်ပြန်လာမယ်နော် အပြင်မှာ ပုံထိုင်ဆွဲချင်လို့...''
''အိမ်မှာနေပါလား ဂျီမင်..မင်းက တစ်နေ့တစ်မျိုးရိုးတဲ့ကောင်မဟုတ်ဘူး''
''ထယ်ကလည်း ..ငါလဲမင်းမရှိလို့ပျင်းလို့ပါ''
လေသံခပ်ချွဲချွဲနဲ့ပြောလာလေတော့ taeငြင်းနိုင်ရိုးထုံးစံမရှိပေ.အပြင်သွားဖို့ ခွင့်ပြုလိုက်ေပသည်.
ဂျီမင် ထယ့်ကိုနိုင်စားနေတာပါ.
အနုနည်းနှင့်.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်