part 10

439 23 11
                                    

''ဟမ်း နေ့တိုင်း ဒီလိုဘဲပျင်းစရာကောင်းနေမှာလား?''

မူလတန်းနောက်ဆုံးနှစ်ကျောင်းသားအရွယ်တွင်ကစားဖော်မရှိရင်ပျင်းတတ်တာသဘာဝမဟုတ်လား.
သူငယ်ချင်းရှိလို့လားဆိုသောအခါ မရှိပါ
မိဘတွေရဲ့အထိန်းအသိမ်းတချို့ကြောင့်ဖြင့်ပင်.
အခုနိုင်ငံရပ်ခြားတွင် မိဘ၂ပါးလုံးရောက်နေချိန် အတော်ပျင်းရိစွာနေ့ရက်တိုင်းခြောက်ကပ်ကပ်.

ဟူး..

ကျောင်းကအပြန်

ပုံမှန်ဆိုဖယ်ရီဟူသည့် ကျောင်းအကြိုအပို့ဖြင့်သွားတတ်ပေမယ့် နည်းနည်းအရွယ်ရောက်လာတော့ကိုယ့်သဘောဖြင့်ပုန်ကန်ကာ အလိမ္မာတရားဖြင့်လမ်းလျှောက်သွားလာပါသည်.
ဘာလို့ဆိုလွတ်လပ်ချင်လို့.

ပန်းခြံတစ်ခုနားအဖြတ်

ဟင့် ဟင့်

ရှိုက်သံတစ်ခုမဟုတ်လား?
ဘယ်သူတုန်း.ငါတောင်ပျင်းလို့ဘယ်ချောင်တိုးငိုရမလဲချောင်းနေရပါတယ်ဆိုမှ.အတူဝိုင်းငိုပေးလိုက်ရရင်တော့.
အတွေးကတော့ ထိုသို့ပင် အပြင်တွင် ခပ်ချေချေဒီဇိုင်းနှင့်.

ရွေ့လာတဲ့ခြေလှမ်းအရ ထိုတီးတိုးရှိုက်ငိုသံသည် တဖြည်းဖြည်းကျယ်လာသလို.
နောက်တွင်တော့ မြင်လိုက်ရသည်က ဒူးပေါ်ခေါင်းအပ်ကာ တစ်ကိုယ်လုံးတုန်တုန်လှုပ်လှုပ်ငိုနေသူပင်.သူနှင့်သိပ်မကွာသောခန္ဓာကိုယ်အရွယ်အစားအရ ကလေးတစ်ယောက်ပင်ဖြစ်သည်မို့ ဘာလို့အဲ့လောက်တောင်ငိုနေရလဲသိချင်မိစွာ သွားနေသော ခြေလှမ်းတွေနှေးပစ်လိုက်သည်.

''အဟင့် ဘာလို့လဲ ငါ့ကြောင့်မဟုတ်တဲ့အရာတွေကို ဘာလို့များအဲ့လောက်အပြစ်တင်နေကြတာလဲ? ဟင့်..ရွှတ်''

တစ်စတစ်စ ထွက်ပေါ်လာသည့်အသံပြတ်တိပြတ်တောင်းတချို့ကြားလိုက်ရတာမို့ နားမလည်စွာရှေ့ဆက်မသွားဘဲရပ်နေမိသည်.

''မေမေနဲ့ဖေဖေသာရှိသေးရင် ငါ့ကိုဒီလိုပြောကြမှာမဟုတ်ဘူး ငါ့မှာ ငါ့မှာ ဟင့် ရွှတ်''

အနိုင်ကျင့်ခံရ၍လား?.တခြားသောအရာတော့မစဥ်းစားမိချေ.
မူလတန်းအရွယ်ကျောင်းသားမှာ မြင့်မြင့်မားမားကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်နိုင်စွမ်းသိပ်မရှိပေဖြစ်သည်.
ထိုငိုရှိုက်နေသူနားအနည်းငယ်တိုးကပ်သွားကာ နှစ်သိမ့်ပေးဖို့ကြံရွယ်နေပုံရသည့် ကလေးငယ်သည် ဖြူစင်မှုအတိုင်းသား.
သူငယ်ချင်းမရှိနေထိုင်နေရတဲ့ကလေးတစ်ယောက်ဆီမှာ ကိန်းဝပ်နေတတ်သည့် ဖေးမချင်မှုတွေ.

first and only unkonwn loveWhere stories live. Discover now