နေခြည်နွေးနွေးလေးတွေမျက်နှာပေါ်ခယလာတိုင်း ပထမဆုံးအတွေးနဲ့အတူနိုးထမိသည်.
jeon.''တွေ့ချင်တယ်''
jimin.''တွေ့ချင်တယ်''.......................................................
ဒီနေ့လိုအပ်တဲ့ပန်းချီပစ္စည်းတွေဝယ်ရန်ထွက်လာခဲ့သည်.
taeသည် စိတ်မချေသာ်လဲ သူခွင့်တောင်းရင်ခွင့်မပြုဘူးဆိုသည်မရှိချေ.ပန်းချီပစ္စည်းကိရိယာတွေရောင်းတဲ့ဆိုင်သွားကာ ဝယ်ပြီးစဥ်
အပြင်ကိုကလေးတစ်ယောက်လိုမြောက်ကြွမြောက်ကြွလုပ်ရင်း ထွက်လာခဲ့သည်.အဲ့လိုလုပ်ခြင်းရဲ့
ကျေးဇူးအနေနှင့်
လမ်းတွင်သွားနေသောအန်တီကြီးတစ်ယောက်ကို မမြင်ဘဲဝင်တိုက်မိလေသည်.''တောင်းပန်ပါတယ် အန်တီ ရရဲ့လားဟင်''
''ရပါတယ်ကွယ်''
အန်တီကြီးရဲ့လက်ထဲပြုတ်ကျသွားတဲ့ အထုတ်တွေပြန်ကောက်ပေးပြီး
ခေါင်းလေးငုံ့ရင်းနှုတ်ဆက်ကာသွားဖို့ပြင်လေတုန်း.''လူလေး ခဏနေပါဦး..''
အန်တီကြီးကလှမ်းအခေါ်တော်ပြု၍
ဒီနားဘယ်သူများရှိသေးလဲ
သူ့များခေါ်တာလားဆိုသည့်မသက်ာစိတ်ဖြင့်
လှည့်ကြည့်လိုက်တော့..
သူ့မျက်နှာအားအစုန်အဆန်ကြည့်နေလေသည်.''ဘာဖြစ်လို့လဲ အန်တီ''
''သားက ...ပါးဖောင်းလေးမဟုတ်လား''
''nae???''
အန်တီရဲ့အမေးကြောင့်
သူ့မှာ အံသြသွားရသည်.
သိနေတာလား..
ပြီးတော့ kookieသာခေါ်လေ့ရှိခဲ့တဲ့နာမည်ဖြင့်..''သားပါးဖောင်းလေးမဟုတ်ဘူးလား..အန်တီလူမှားသွားလို့ တောင်းပန်ပါတယ်''
အန်တီက သူ့ကိုအားနာကြောင်းဆိုကာသွားဖို့ပြင်နေသော်.
''ကျွန်တော်ပါးဖောင်းလေးဟုတ်ပါတယ်.. ကျွန်တော့်နာမည် Park jiminပါ''
ထိုစကားအဆုံး ဝမ်းသာသွားတဲ့အရိပ်အယောင်တွေနဲ့
သူ့ကိုလာဖက်လေသည်.
မြင်ဖူးသလိုရှိသော်
မသေချာမရေရာသည့်စိတ်ကထီးထီးမားမားဝင်ယူထားသော်ငြား သိချင်စိတ်ဆိုသည်ရှိသေးတည်း.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်