''အဟက် အမှတ်မရှိလိုက်တာ..မရှိခဲ့နိုင်သမျှအရှက်တွေကလဲ အခုထိပါလား ဆော့ဂျင်ရေ..မင်း မင်းမိဘတွေအတွက်
မင်းညီလေးအတွက်စွန့်လွှတ်သင့်ပြီ..''ကော်ဖီခွက်လေးပြန်ကိုင်ကာ အနီးနားကသွားလာသူတွေအားမျက်တောင်မခတ်တွေတွေကြီးလိုက်ကြည့်နေရင်း ထိုစကားလေးအား လေတိုးရုံမျှပြောမိကာ ဟက်ခနဲရယ်ချမိသည်.
''ခွမ်း!''
''အာ..sorryပါဗျ..ကျွန်တော်ပြန်လျော်ပေးပါ့မယ်''
ကော်ဖီခွက်ကိုင်ထားတဲ့လက်သွယ်သွယ်တေ တုန်ရီသွားသည်.
ဒီအသံ.
ဒီအသံဟာ သူစိတ်ဆောင်နေ၍မှားကြားမိတာများလား?.
အလျင်အမြန် လှည့်ကြည့်မိတော့ ထိုအသံလာရာလူသည်အရှေ့မှwaiterလေးရဲ့ နောက်ကျောဖြင့်ကွယ်နေ၍ အသေအချာလိုက်ကြည့်မိသည်.ring!ring!
ထိုချိန်သူ့အိတ်ထဲကဖုန်းမြည်လာ၍ကြည့်လိုက်တော့ သူ့အတွင်းရေးမှူးဆီကပင်.
အာရုံဟာဖုန်းဆီဝဲလွင့်သွားတော့သည်.''hello nae ကျွန်တော်ခဏနေလာခဲ့ပါ့မယ်''
အလုပ်တွင် အရေးကြီးအစည်းအဝေးစတော့မှာမို့အသိပေးသောဖုန်းဖြစ်သည်.
ကော်ဖီကိုအမြန်မော့ချကာ ယူဆောင်လာသည့်ဖိုင်တစ်ထပ်ဆွဲယူရင်း နေရာမှထလိုက်သည်.
ဆိုင်မှမထွက်ခင် ရင်းနှီးဖူးသောအသံကြားရာဆီတစ်ချက်လှမ်းကြည့်မိပါသေးသည်.''မင်းလားဂျွန်း..အဟက်''
လှည့်ကြည့်သည်နှင့်တပြိုင်နက်ကွယ်လိုက်သောစာအုပ်ထက်မှလက်သွယ်သွယ်ကြီးသည် သူအရမ်းသိလွန်းတာမို့
မသိချင်ယောင်ဆောင်ကာဆိုင်ထဲမှအမြန်ထွက်ခွာလိုက်သည်.''ငါ ငါရင်မဆိုင်ရဲသေးဘူး ဂျွန်း..''
........................................................................
''အ!''
စိတ်နှင့်ကိုယ်မကပ်စွာ အာရုံတွေလွင့်ပျံနေသူသည် အရှေ့တည့်တည့်က လူကိုမမြင်ဘဲဝင်တိုက်မိတော့သည်.
သူမမြင်ရင်တောင်ထိုလူက မြင်ပြီးရှောင်သွားရမှာမဟုတ်ဖူးလား.
လူကို ပိစိသေးသေးလေးဆိုပြီးတမင်လုပ်တာလား?
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်