ကားပေါ်သာအေးစက်စက်ဆွဲခေါ်လာတဲ့ကုကီးကြောင့် သူဘာအသံမှမထွက်ဘဲလိုက်လာခဲ့သည်.ကားပေါ်ရောက်တော့ သူ့ကိုတစ်ချက်မကြည့်ဘဲခါးပတ်ပတ်ပေးတာကအစ တစ်ယောက်ထဲပြီးစီးအောင်လုပ်သွားသည်.သူသာ ကုကီးကိုတစ်ချက်မှမျက်တောင်မခတ်ဘဲကြည့်နေမိတာ အခုထိလက်တွေကဇောချွေးပြန်နေတုန်း ကုကီးမျက်နှာမှာအထိုးခံထိထားတဲ့ဒဏ်ရာတွေကြောင့် သူမျက်ရည်ဝဲချေပြီ.အဲ့အနာလေးတွေကဘာလို့သူ့နှလုံးသားကိုပါနာကျင်စေရတာလဲ.
ကားလေးသည် ကားပါကင်မှတရွေ့ရွေ့မောင်းထွက်လာခဲ့သည်.ဂျီမင်ဘေးဘီဝေ့ကြည့်ပေမယ့် သူတို့အခုသွားနေတဲ့လမ်းသည် အိမ်ပြန်လမ်းမဟုတ်.ကုကီးကိုကြည့်မိတော့လဲ မျက်နှာထားကတင်းမာနေဆဲ.မေးရိုးတွေ လည်တိုင်တလျှောက်ကသွေးကြောတွေဟာ လမ်းမီးတိုင်တွေမှ ကားထဲတိုးဝင်လာသောမီးရောင်မှိန်မှိန်တွေအောက် တင်းလွန်းလို့ အထင်းကြီးထောင်ထွက်နေသည်.
နောက်ဆုံးကားရပ်လိုက်တဲ့နေရာသည် လူအသွားအလာမရှိတော့သောဟန်မြစ်ဘေးရဲ့အမှောင်ကျရာတစ်နေရာ.သူလဲဘာမှမပြောနိုင် ကုကီးပုံစံကိုသာအရိပ်အကဲခတ်နေရင်း မျက်နှာကိုသာအောက်ငုံ့ချထားလိုက်သည်.သူ့အမှားပါ ရိုင့်ကိုသူအပြတ်ငြင်းထားရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး.ကိုယ့်အပြစ်တွေနဲ့ကိုယ်လို့ခံယူထားရာ ကုကီးကိုလဲဆက်မကြည့်နိုင်တော့.ရုတ်တရက်ဆွဲပွေ့ဖက်ခံလိုက်ရတော့အောက်ငုံ့ထားရာမျက်နှာသည် လန့်ဖြန့်သွား၍ ကုကီးကိုကြောင်ကြည့်သွားမိသည်.
''ကုကီး..''
သူ့ပုခုံးမှာမေးတင်ထားပြီး တစ်ကိုယ်လုံးကိုသိမ်းကြုံးပွေ့ဖက်ထားတာကြောင့် သူကုကီးမျက်နှာကိုမမြင်ရပေ.သက်ပြင်းချသံအကြီးကြီးတစ်ချက်ကြားလိုက်တာကြောင့် ကုကီးကျောပေါ်သူလက်နဲ့ပွတ်သပ်ပေးမိသည်.
''ဂျီမင် ကျွန်တော့်ကိုမထားခဲ့ပါနဲ့..''
အဖျားလှုပ်ခတ်သွားတဲ့အသံငယ်လေးနဲ့ပြောလာတာကြောင့် သူ့ကြောင်အမှုlevelသည်အမြင့်ဆုံးရောက်သွားသည်.ဒီကလေးအဆက်အစပ်မရှိဘာတွေပြောနေတာတုန်း.တကယ်ဝမ်းနည်းနေတဲ့အသံကြောင့်သူတင်းကြပ်စွာပြန်ပွေ့ဖက်ထားလိုက်သည်.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်