ထိုနေ့ညနေ..
ကောလိပ်ကျောင်းသားလေး၃ယောက်နဲ့ အတူညနေစာစားရန်ပြောထားသည်။
kookie ကသူ့ကို သူငယ်ချင်း၂ယောက်နှင့်မိတ်ဆက်ပေးမည်ဟုဆို၍ hyungကိုဖုန်းဆက်ကာလှမ်းအသိပေးထားသည်။kookieအိမ်ရှေ့ရောက်သည်နှင့် ဘယ်အချိန်ထဲကသူလာမှာကိုမျှော်နေမှန်းမသိသည့်ကောင်လေးသည် မူပိုင်ယုန်သွားလေးတွေပေါ်အောင် ပြုံးရယ်ရင်းသူ့ဆီကိုပြေးလာလေသည်။
''ဂျီမင်! ရောက်ပြီလား ကျွန်တော့်ဆီလာပါဦး''
တင်းကြပ်စွာပွေ့ဖက်ထားကာ မသိလျှင်သေရွာမှပြန်ရောက်လာသူကိုမြင်တွေ့လိုက်ရသလိုဒီကလေးနှယ့် လုပ်လိုက်ရင်အရမ်း။အိမ်အပေါက်ဝလေးတွင် သူတို့အဖြစ်ကိုလှမ်းကြည့်နေသည့်အိမ်တော်ထိန်းကြီး၏အပြုံးပန်းတွေမှာလဲ ဝေဆာနေလေသည်။
''ကုကီးရေ လွှတ်ပါဦး သွားကြတော့မယ်လေ''
''အမ်းပါ..လွှတ်ပါ့မယ်
လွမ်းနေတာ~''ထိုကဲ့သို့ ချွဲပြန်တော့ အရည်ပျော်ရသည်မှာဂျီမင်သာ။
ပြီးနောက်လက်ကိုချိတ်ကာ
ချိန်းထားသောနေရာသို့ဦးတည်လေသည်။တစ်ခါတစ်ခါ သူမသိအောင် ပါးကိုလျှစ်ခနဲနမ်းတတ်ပြီး လန့်သွားတာမြင်လျှင်ဂျီမင်ကချစ်ဖို့ကောင်းလို့ပါ အကြောင်းပြ၍ သူ့ကိုဖက်ပြီးချော့ဦးမည်။
ဒီကလေး မသိရင် အ မဲ့ပုံလိုလို တကယ်ကလူကိုအသားလိုက်ယူနေတာ ယုန်လည်ကြီးပါ။........................... ....................... ....................
ကောလိပ်ကအပြန်
hoseokကိုအိမ်ပြန်ပို့ပေးပြီး jungkookရဲ့ချစ်သူနှင့်တွေ့ကြဖို့ရန်ပြောထား၍ တဖန်hoseokကိုပြန်လာခေါ်ရလေသည်။
တစ်နေ့တစ်နေ့ လမ်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်ရသည်မှာ ဘယ်ဘဝကဝဋ်ကြွေးမှန်းမသိပါ။
လူကလှဲမနေရလျှင်ကိုနေမကောင်းချင်သလိုလို။
အိပ်ချင်တယ် ငါတကယ်အိပ်ချင်နေတာ။"ယွန်းဂီ မင်းကလဲကြာလိုက်တာ ဟိုကစောင့်နေရတော့မှာပဲ"
"ငါလဲ အိမ်ပြန်ရောက်ပြီးပြီးချင်း တန်းထွက်လာတာပဲ"
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်