''ဟမ်း~ ''
တစ်ယောက်ထဲ သက်ပြင်းတွေချကာ ပန်းခြံတစ်ခုရဲ့သစ်ပင်အကြီးကြီးအောက် ကော်ဖီခွက်လေးတစ်ခွက်နဲ့ ငေးမှိုင်နေမိသည်.
သူ ဂျီလေးအပေါ်လွန်နေမိပြီလား.သူမှမကာကွယ်ရင် ဂျီလေးက လောကဓံကိုရင်ဆိုင်နိုင်ပါ့မလား.ထို့သို့အတွေးတွေဖြင့်ကော်ဖီခွက်လေး ဘေးချကာ မျက်စိမှိတ်ထားလိုက်သည်.
''ဂျင်လေး~''
မျက်စိကလေးမှိတ်ပြီးအေးအေးသက်သာ နေနေချိန် ကြားလိုက်ရတဲ့လေထွက်ရုံမျှအသံငယ်လေးကြောင့် သူမျက်စိဖွင့်ကြည့်လိုက်တော့...
''ဂျွန်း! ဒီကို ဘယ်လို...''
ပါးချိုင့်နက်နက်ကြီးတွေဟာ သူ့ကိုတွေ့တိုင်းနူးညံစွာပိုပြုံးပြတတ်သလို မျက်ဝန်းနက်နက်ကြီးတွေကလဲအရင်အတိုင်း မပြောင်းလဲဘဲလေးနက်နေတုန်း...မဟုတ်သေးဘူး သူဂျွန်းနဲ့တွေ့ရမဲ့အချိန်မှမဟုတ်တာ.တွေးပြီးအဆုံး သူထထွက်သွားဖို့လုပ်လိုက်သည်.
''ဂျင်လေး...ကျေးဇူးပြုပြီး ကျွန်တော်နဲ့ခဏလောက်အတူထိုင်ပေးနိုင်မလား...တောင်းဆိုတာပါ...''
သူထထွက်ဖို့ပြင်လိုက်ချိန် ကြားလိုက်ရတဲ့အသံငယ်လေးကြောင့်... ဂျွန်းဘေးမှာသူပြန်ထိုင်လိုက်သည်.ရင်မဆိုင်ရဲဘူး...ကိုယ်ကလမ်းခွဲပြီး ဒီလိုပြန်တွေ့ရတဲ့အချိန် သူ့ခံစားချက်တွေကဗြောင်းဆန်နေတယ်.
''ကျေးဇူးပါ..''
မနေတတ်မထိုင်တတ်ဖြစ်နေတဲ့ပန်းနုရောင် လူသားလေးကိုကြည့်ပြီး အချစ်ပိုရပြန်ပြီ.တစ်ယောက်ထဲ ငေးမှိုင်နေတဲ့ပုံရိပ်ငယ်လေးကြောင့်သူမနေနိုင်ဘဲ တိတ်တဆိတ်အမြဲလိုက်ကြည့်နေခဲ့ရာကနေ အခုလိုရုပ်လုံးထွက်ပြလိုက်ရသည်.ဘာပြဿနာမှမရှိစေဘဲ အေးအေးချမ်းချမ်းလေးနေစေချင်လွန်း၍ ဒီလိုသက်ပြင်းတချချပုံရိပ်ငယ်လေးကို မကြည့်ရက်ပေ.
မိဘတွေဆုံးပါးသွား၍ သူ့ကိုအားနာနေပြီး ဘာလုပ်ရမှန်းမသိနေတဲ့အချိန် သူသာပြုံးပြုံးလေးနဲ့လမ်းခွဲမှုကိုလက်ခံခဲ့သည်.စိတ်ညစ်နေတဲ့ပုံရိပ်ကလေးကိုမှ မမြင်ချင်တာ သူ့ကြောင့်ပိုပြီးပင်ပန်းနေမှာစိုး၍ တိတ်တဆိတ်သာထွက်ခွာသွားခဲ့တာ တစ်ရက်တစ်လေမှ ဒီလူသားငယ်ကိုမေ့ပစ်ဖို့မပြောနဲ့ အရမ်းလွမ်းလွန်းလို့ ဘယ်မှာရှိနေမလဲလိုက်စုံစမ်းနေခဲ့ရတဲ့အထိ.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်