''ဂျီမင် စားလေ ဘာဖြစ်လို့လဲ''
နေ့လည်ရောက်တော့ သူtaeဆီနေ့လည်စာထမင်းဘူးဝယ်လာပြီး taeရုံးခန်းထဲမှာဘဲ အလယ်စားပွဲဝိုင်းတွင်ဝယ်လာတာများချကာ
ဘေးဆိုဖာတွင်ဝင်ထိုင်ပြီးသည်နှင့် taeစားတာကိုထိုင်ကြည့်နေမိသည်.
ပြောရရင် ရောင်နေတဲ့လက်ကညာလက်မို့ သူစားရန်တူကိုင်ဖို့တောင်အဆင်မပြေပါ.
taeသိရင်ဆူနိုင်သည်မို့ ပေါင်ပေါ်လက်နှစ်ဖက်ထပ်ထားပြီး ငုပ်တုတ်ထိုင်နေမိသည်.ပြင်သစ်မှာဘဲနေလာခဲ့တာကြာသောကြောင့် ကိုရီးယားအစားအစာတွေနဲ့သိပ်နေသားမကျမှာစိုး၍ သူtaeကိုစားတတ်စေရန်အကျင့်လုပ်ပေးဖို့ ကိုရီးယား ထမင်းနဲ့ဟင်းတွေသာဝယ်လာ၍ တူနဲ့ကိုင်စားမှသာအဆင်ပြေမည်.
''ငါ ဗိုက် သိပ်မဆာလို့''
''သိပ်မဆာလဲနဲနဲတော့ ဝင်အောင်စား လူကတဖြည်းဖြည်းသေးလာတာ ငါမင်းထက်ငယ်တာတောင်မင်းထက်အကောင်ကြီးတယ် ရော့!''
taeကသူ့လက်ထဲတူကိုလာထည့်ပေးရန် သူ့လက်ကိုဆွဲလိုက်ချိန်.သေရော!!
''ဂျီမင်!! ဒါဘာဖြစ်လာတာလဲ ဟမ်! မင်းအဲ့တာကြောင့်တူတောင်မကိုင်နိုင်တာလား! ဘာလို့မပြောတာလဲ ထ! ဆေးရုံသွားမယ်''
လုပ်ပါဦး taeကဒီအနာသေးသေးလေးကိုဆေးရုံသွားမယ်ဆိုပြီး ဗြောင်းဆန်နေလေပြီ.
''ဟမ် ထယ် ငါဘာမှမဖြစ်ပါဘူး ဆေးရုံသွားဖို့ထိမလိုပါဘူး ပြန်ထိုင်ပါ မင်းနေ့လည်စာကုန်အောင်အရင်စားပါဦး''
''အခုဒီနေ့လည်စာက အရေးကြီးလား..မင်းကမစားနိုင်လို့ဘေးမှာထိုင်ကြည့်နေတာ အဲ့တာကို ငါကစားဖို့ဝင်ပါ့မလား''
taeကေယာင်နေတဲ့သူ့လက်ကိုမဆွဲရက်လို့ ဖွဖွလေးကိုင်ပြီး စိတ်ပူနေတဲ့အရောင်အပြည့်နဲ့မျက်ဝန်းတွေဟာ ငြိမ်မနေတော့ပါ.သူ့ကိုမသွားရင်ပွေ့ချီသွားမယ်လုပ်လို့ ကုမ္ပဏီနဲ့နီးတဲ့ဆေးခန်းတစ်ခုကိုထွက်လာခဲ့ရသည်.
''လက်ကသိပ်အခြေအနေမဆိုးတော့ပါဘူး အအေးဒဏ်ကြောင့်ပိုရောင်သွားတာ ကျတော် လိမ်းဆေးနဲ့သောက်ဆေးပေးလိုက်ပါ့မယ် ဆေးညွှန်းတိုင်းသောက်ပေးလိမ်းပေးရင် သက်သာပါလိမ့်မယ်''
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်