part 28

211 17 1
                                    

''အ့ ကျစ်! ငါဇာတ်ကြော ''

တစ်နေကုန်အလုပ်ထဲခေါင်းနစ်နေမှုရဲ့ အကျိုးဆက်အနေဖြင့် အုန်းလွဲတော့မတက်ဖြစ်နေသည်.ခဏလောက် အကြောဖြေပြီးအလုပ်ဆင်းရန်ပြင်လိုက်သည်.ပြီးရင် အမောပြေရာလေးဆီသွားတွေ့ဖို့ ကားသော့ကိုလှည့်ကာ ခပ်သွက်သွက် ကုမ္ပဏီမှထွက်လာခဲ့သည်.လာကြိုရင် နေရာလွဲမည်စိုး၍မှာသွားသော ချစ်ရသူရဲ့လက်ရှိ ရှိနေမည့်နေရာဆီကိုသာဦးတည်ရန်ကားထဲဝင်လိုက်စဥ် ဖုန်းကတုန်မြည်လာ၍ ဘောင်းဘီအိတ်ထဲမှထုတ်ကာ ကိုင်ကြည့်လိုက်သည်.

''ပြော..ဟမ်!....မင်းတို့အမြန်လိုက်ရှာကြလေ!အသုံးမကျလိုက်တာ တောက်!''

သူစိတ်မချ၍ မျက်ဝန်းမှေးနောက်လိုက်ကြည့်ခိုင်းထားသည့် လူဆီမှဖုန်းဖြစ်သည်.ကားတစ်စီးပေါ်တက်သွားသည့် သူ့ချစ်ရသူနောက် လိုက်ကြည့်ရင်း မျက်ခြေပြတ်သွားသည်တဲ့လား.အဟက် တစ်ခုခုဖြစ်လို့ကတော့တစ်ယောက်မှအရှင်မထားဘူး.သောက်သုံးမကျလိုက်တာ.

ကားကိုပုံမှန်ထက်အရှိန်ပြင်းကာ မျက်ဝန်းမှေးပြောထားသည့်လိပ်စာဆီအရင်ပြေးကြည့်ရမည်.စားသောက်ဆိုင်တစ်ခုဖြစ်ပြီး တစ်ဆိုင်လုံးကိုပြေးလွှားရှာလိုက်သည်.မတွေ့ပါ.မျက်ဝန်းမှေးရဲ့ အရိပ်အယောင်လေးတောင်မရှိနေပါ.အလုပ်ကိစ္စဆွေးနွေးပြီးရင် သူလာကြိုတာစောင့်နေမဲ့ပုံရိပ်လေးက ဘယ်မှာလဲ.ရှိသမျှနေရာမကျန် အကုန်ပြေးပတ်ရှာနေတာ အရူးတစ်ယောက်လို.သို့သော်ငြား သူလေးကိုမတွေ့.

''ဘာလဲ အချိန်မတိကျလိုက်တာ အခုထိမရောက်လာဘူး ငါရှယ်ယာထည့်ဖို့ပြန်စဥ်းစားရတော့မယ် ဒုဥက္ကဌပက်ဂျီမင်က ကြားထားတဲ့သတင်းတွေနဲ့မလိုက်ဖက်ဘူးဘဲ ပြန်သင့်ပြီထင်တယ်...''

ဝိုင်းတစ်ခုနားအဖြတ် ထိုစကားကိုအမှတ်တမဲ့ကြားလိုက်ရတာကြောင့် နားထင်ကြောတွေတောင်ပြတ်ထွက်ချင်လာပြီ.ဒါဆိုမရောက်လာတာလား.ဘယ်ရောက်သွားတာလဲ.မျက်ခြေပြတ်သွားတဲ့ကားက တစ်ခုခုများ.ဟင့်အင်းမဖြစ်သင့်ဘူး.မဖြစ်နိုင်ဘူး.

''ဒီမှာ ခင်ဗျားဆီ ဂျီမင်မရောက်လာတာကျိန်းသေလား...''

ဝိုင်းမှထထွက်လာတဲ့ လူရှေ့ မောကြီးပန်းကြီးဖြင့်ရပ်ကာ မေးလိုက်တော့ကြောင်ကြည့်နေသည်.

first and only unkonwn loveWhere stories live. Discover now