ခေါင်းမော့ကာကားကူရှင်ကိုအမှီပြုပြီး မျက်ဝန်းအစုံခဝါချထားချိန် ဘေးဘက်မှကားမှန်ကိုလာခေါက်သူကြောင့်လှည့်ကြည့်မိတော့''ဂျောင်ကု ကားတံခါးဖွင့်ပေး ငါမင်းကိုပြောစရာရှိတယ်..''
မနက်ဝေလီဝေလင်းအချိန်ကြီး သူ့ကိုဘယ်လိုရှာတွေ့လဲမသိ.မေးခွန်းတွေရှိပေမယ့်မေးချင်စိတ်မရှိတော့.ကားတံခါးဖွင့်ပေးတော့ ဘေးကခုံတွင်ဝင်ထိုင်ကာ တံခါးပြန်ပိတ်လိုက်သူ.
''ဂျီမင့်ကိုရှာမတွေ့သေးဘူးထင်တယ်..''
တံခါးဖွင့်ပေးပြီးသူ့ဘက်တစ်ချက်လေးမှလှည့်မကြည့်လာသူသည် ထိုစကားအကြားမှေးမှိန်နေတဲ့မျက်ဝန်းအစုံနဲ့တစ်ချက်လှမ်းကြည့်ကာကားမှန်အပြင်ကိုငေးကြည့်နေပြန်သည်.
''သိပ်စိတ်မပူပါနဲ့ သူဂျီမင့်ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး..''
''အဟက် ယွန်းဂီ မင်းဒီလောက်အတိအကျတွေလျှောက်မပြောပါနဲ့..''
''ငါပြောတာနားထောင်ကြည့်ဦး ဂျောင်ကု..''
ဘယ်လိုတွေစုံစမ်းနောင်ယောင်ခံလိုက်ပြီးအခုကားထဲစိတ်မပူပါနဲ့လာပြောနေတဲ့ ယွန်းဂီကြောင့် နည်းနည်းတော့စိတ်အချဥ်ပေါက်လာတာအမှန်.သူဘာလို့ဒီလောက်အခိုင်အမာတွေလာပြောနိုင်ရတာလဲ.မမြင်နိုင်တဲ့တစ်နေရာမှာ ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ.သူအရမ်းမြတ်နိုးရတဲ့အစိတ်အပိုင်းလေးတွေတစ်ခုခုဖြစ်နေပြီလား.ထိုသို့တွေးတိုင်း တကယ်ဖြစ်နေသလို သူ့ခန္ဓာကိုယ်ပါတိုက်ရိုက်နာကျင်လာသည်.အခုထိဘာသတင်းမှမပေးသေးသည့် လူတွေကိုလဲသတ်ပစ်ချင်စိတ်တဖွားဖွား.ရှုပ်ထွေးလွန်းတဲ့အတွေးပေါင်းစုံနဲ့စိတ်အေးအေးထားဖို့ကြိုးစားနေစဥ် အခုလိုစိတ်ပေါက်အောင်လာထပ်ပြောနေတာမဟုတ်သေးဘူး.
''ငါ့ကိုတစ်မျိုးထင်မယ်ဆိုတာသိတယ် ဒါပေမယ့်မင်းတို့ကငါတန်ဖိုးထားတဲ့သူတွေမို့ ငါတိတ်တဆိတ်စောင့်ကြည့်မိတာ..မှားနေတယ်ဆိုရင်တောင်အဲ့အမှားမျိုးကိုဘဲဘယ်အချိန်ရွေးချယ်ရ ဒီတိုင်းဘဲလုပ်မိမှာ..''
သူမရှိရာဘက်ကိုဘဲ မျက်နှာမူထားသူသည် ဘာအသံမှပြန်မပေးတာကြောင့် စကားပြန်ဆက်ဖို့သာလုပ်ရတော့မည်.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်