ပြင်သစ်ရဲ့ညနေခင်းအချိန်တွေကလှပတယ်ဆိုတာ သူတစ်ယောက်ထဲခံစားမိတာလား.
မနက်ပိုင်းအလုပ်ကိုယ်စီနဲ့သွားလာနေကြတဲ့လူအသီးသီးကြား သူထိုလူတွေကိုအကြောင်းမဲ့လိုက်ကြည့်မိသည်.
ကောလိပ်ပြီးသွားကထဲက ဟျောင်းကုမ္ပဏီမှာ ကူညီဖို့စဥ်းစားထားပေမယ့် သူအပျင်းထူနေမိသည်.ပြောရမယ်ဆိုစိတ်အခြေအနေကြောင့်လဲပါသည်.ဟျောင်းကသူ့အပေါ်အမြဲနားလည်မှုရှိပြီး အလုပ်အတွက်ဖိအားမပေးချေ.သူ့စိတ်အဆင်ပြေမှ ဟျောင်းကိုကူညီမယ်လို့ဆုံးဖြတ်ထားသည်.
ဒီညနေခင်းလေးမှာ အလည်အပတ်လာသူတချို့နဲ့အလုပ်က ပျော်ရွှင်စွာ နားချင်လွန်း၍အိမ်ကိုပြန်နေကြသူတွေမှာအလျှိုလျှို နေမင်းကြီးကလဲ ထိုလူတွေကိုနှုတ်ဆက်ပြီး အနောက်ဘက်ကို သူလဲနားခိုရန်ပုန်းလျှိုးတိုးဝင်နေသည်.
ညနေထိုအချိန် ကော်ဖီဆိုင်တစ်ခုထဲဝင်ထိုင်မိသည်.သူတစ်ယောက်ထဲတော့မဟုတ် တစ်ခါတစ်လေ သူ့အဖော် ၁ယောက်လဲပါလာတတ်သေးသည်.
အခုလဲကော်ဖီဆိုင်ထဲဝင်လာတော့ ဆိုင်ရှင်ဦးလေးတစ်ယောက်နဲ့ waiterလေး၂ယောက်ထဲရှိနေပြိး ဧည့်သည်ဆိုသည် သူတို့ ၂
ယောက်ထဲရှိနေပါသည်.ဆိုင်လေးကထောင့်ကျကျနေရာလေးမှာအေးအေးချမ်းချမ်းရှိနေရုံသာမက အတွင်းပိုင်းအပြင်အဆင်ဟာလဲမျက်စိအေးစေသည်.သူနားမလည်သည့်အနုပညာတချို့ပေါင်းစပ်ထားတဲ့ လက်ရာမြောက်သစ်သားပန်းပုအရုပ်လေးတွေဟာ စားပွဲခုံတိုင်းမှာအလှဆင်ထားပြီး ထို့အတူပန်းချီကားချပ်လှလှလေးတွေလဲနံရံပေါ်မှာသင့်တော်စွာတည်ရှိနေသေးသည်.
ဆိုင်ရှင်ဦးလေးကြီးက သူ့ကိုမှတ်မိနေ၍ နွေးထွေးတဲ့အပြုံးလေးတစ်ခု ဖန်တီးလေတော့ သူလဲပြန်ပြုံးပြပြီး ဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်သည်.
''ဂျီမင် ငါဒီနေ့ကုမ္ပဏီရဲ့ အဓိကပရောဂျက်တစ်ခုကိုလုပ်ရတော့မယ် အဲ့တာ.....''
သူ့အရှေ့မှာထိုင်ပြီး သူ့ကိုစကားလာပြောနေတဲ့ထယ်ယောင်းဟာ သူ့ရဲ့အရေးကြီးဆုံးလူသားတစ်ယောက်. အခုလဲဘာကိစ္စမို့ စကားကိုပြီးပြတ်အောင်မပြောဘဲ မျက်လုံးပြူးပြူးနဲ့ သူ့မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်နေလဲ မသိပေ. သူကပြောဆိုတဲ့အဓိပ္ပါယ်နဲ့ မေးဆတ်ပြတော့မှ မျက်တောင်တဖျက်ဖျက်ခတ်ပြီး စကားပြောဖို့ ပါးစပ်ဟလာသည်.
YOU ARE READING
first and only unkonwn love
Fanfictionဒါကျွန်တော်ပထမဆုံးစရေးချင်တဲ့ficပါ သိပ်အရေးအသားမကြွယ်ဝသေးပေမယ့် ကြိုးစားပါ့မယ်