part 27

204 18 4
                                    

''ဟယ် ဟိုမှာ လိုက်ဖက်လွန်းတယ်မလား..''

ကုမ္ပဏီရဲ့နေ့လည်စာစားချိန်ဆိုရောက်လာတတ်တဲ့ အသားခပ်လတ်လတ်နဲ့နှာခေါင်းမြင့်မြင့်အမျိုးသားသည် သူတို့ဒုဥက္ကဌနဲ့အမြဲတွေ့ဆုံလေ့ရှိသည်.ဘယ်သူမှန်းမသိပေမယ့် လုပ်ငန်းရှင်ချင်းမှန်းတော့သိပါရဲ့.တော်တော်လဲရင်းနှီးမဲ့ပုံပင်.ဒီခေတ်က အဆင်တွေ့ရင်ဘေးကဟာမတွေအသာထား သူတို့ချင်းပေးစားလိုက်ဖို့ပင်တွေးတတ်တာကြောင့် အခုလဲသူမ ဘေးကတစ်ယောက်ကိုပြောနေခြင်းဖြစ်သည်.ဘေးကတစ်ယောက်လဲသူ့အတိုင်းပင်.

''အေးဟယ် တစ်နေ့တစ်ခြားမြန်မြန်ညားပါစေဆုတောင်းနေရတယ် လိုက်ဖက်နေလိုက်တာ..''

''ဟက် နင်တို့ကလဲ သူမှမဟုတ်ပါဘူး မျက်လုံးဝိုင်းဝိုင်းနဲ့တစ်ယောက်ကမှပိုအဆင်ပြေတာပါနော် ငါတို့သူဌေးနဲ့ရှေ့သွားနောက်လိုက်အမြဲညီတာ...''

သူတို့နှစ်ယောက်စကားဝိုင်းထဲမျက်မှန်ကိုင်းကိုပင့်ကာ ဝင်ရောက်ပြောလာသူသည် အမှန်စင်စစ်လိုင်းပေါ်မှာဝတ္ထုတိုတွေတင်ကာ နာမည်ရနေသူတစ်ယောက်.ကျောင်းနေဖက်အပြင် လုပ်ငန်းခွင်မှာပါရေစက်ကဆုံနေဆဲမို့သူတို့သုံးယောက်က အမြဲလက်ညီသည်.စိတ်လဲညီပေမယ့် ဒီကိစ္စမှာတော့အဲ့တစ်ယောက်က သူတို့ဘက်မဟုတ်ပေ.သူမ ရေးတဲ့ဝတ္ထုတိုင်း BLတွေအကြောင်းဘဲမို့ သူမ မျက်စိထဲပိုလိုက်ဖက်နိုင်မယ်ထင်ကြောင်းပြောပေမယ့် သူတို့ညားစေချင်တာ နှာခေါင်းမြင့်မြင့်နဲ့တစ်ယောက်ကိုပါ.ဒီကိစ္စကြောင့်လဲရန်ဖြစ်ရတာမနည်း.နှစ်ယောက်တစ်ယောက် ဆိုပေမယ့် ဝတ္ထုမက အလျှော့မပေးတတ်.နောက်ဆုံးစကားဝိုင်းက ဘေးလူတွေပါမှပြီးသွားမြဲ.ဒီကိစ္စတွေက ဒီကုမ္ပဏီစရောက်ထဲက.ရှေ့ဆက်လဲဒီတိုင်းဘဲ ဖြစ်သွားမှာဘဲ.ငါတို့သူဌေးဘယ်သူနဲ့ညားမှန်းသေချာသွားတဲ့အချိန်ထိပေါ့.

''နင်ငြိမ်ငြိမ်နေစမ်းပါ မျက်စိအရသာကိုပျက်တယ် ဘာဘဲဖြစ်ဖြစ်ငါတို့ကဒီအတွဲကိုအကြိုက်ဆုံး..''

''ကြိုက်ပေါ့ ဘာပြောလို့ ဟိုမျက်လုံးဝိုင်းလေးလာရင် နင်တို့သူဌေးမျက်နှာမမြင်ဘူးလား နှစ်ယောက်လုံးကပျားရည်တွေလျှံကျနေသလို အမြဲကြည့်နေကြတာ ဘေးလူတွေကိုရှိတယ်တောင်မထင်ဘူး ညနေအဲ့တစ်ယောက် ငါတို့သူဌေးကိုလာကြိုရင် မြင်အောင်ကြည့်ကြ..''

first and only unkonwn loveWhere stories live. Discover now