part 20

327 19 4
                                    

''ဟင်!''

မနက်ပိုင်းအိပ်ယာစောစောထတတ်တဲ့ အကျင့်ဟာပြင်သစ်မှာထဲက အရမ်းအေးချမ်းတဲ့မြင်ကွင်းလေးတွေထိုင်ကြည့်ရန် အကျင့်လုပ်ခဲ့တာကြောင့် ဒီနေ့စောစောထဖြစ်သည်.မနေ့ ကအသံကြီးနားထဲက မထွက်တာကြောင့်လန့်ရင်းအိပ်ပျော်မိတာ တစ်ဆက်ထဲအိပ်ပျော်သွားမိပြီး ထကြည့်တော့ မနက်6နာရီ.

အိပ်ချင်မူးတူးဖြင့် စိတ်ကြည်အောင်မျက်နှာသစ် သွားတိုက်အမှုပြီးစီးအောင်လုပ်ကာ..မျက်စောင်းထိုးက ထယ့် အခန်းကိုတံခါးသွားခေါက် နိုးအောင်နှိုးလိုက်သည်.ထယ်က alarmပေးထားတတ်ပေမယ့် သူရှိနေရင် သူဘဲနှိုးတတ်သည်.

မီးဖိုချောင်ထဲအရင်ဝင်ကာ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး မပြူးသေးသောမျက်လုံးကိုကျယ်လာစေရန် ဧည့်ခန်းကိုသွားထိုင်ရန်လုပ်ကာ ထွက်လာတော့ ဆိုဖာပေါ် စောင်ထူထူလုံးလုံးကြီးကြောင့် သူကြောင်ရပ်နေမိသည်.

ဘာလဲဟ..ဒီလုံးလုံးကြီးက လူလား..ထယ်ကဒီမှာအိပ်တာလား..အဲ့တာဆို ခုနကငါနှိုးခဲ့တာ ထယ် မဟုတ်ဘူးလား.သူလဲအနားကိုသွားကာ ကော်ဖီခွက်ကိုစားပွဲပေါ်တင်ပြီး စောင်လေးကိုဖွဖွလေးလှန်ကြည့်တော့ လက်သွယ်သွယ်ရှည်ရှည်လေးတစ်ဖက်မြင်လိုက်ရသည်.ငါတော်တော်ရင်းနှိးပါတယ်.

သူလဲအဲ့လက်ကလေးကိုသွားကိုင်ကြည့်တော့ သူ့လက်ကိုဆွဲဆုပ်လာကာ လက်သွယ်သွယ်တွေကြားသူ့ကိုယ်လုံးကိုပါဆွဲချလာသည်.

''အ!''

ရုတ်တရက်မို့ လန့်သွားကာအော်ဖို့အချိန်တောင်မရလိုက် သူစောင်တွေကြားထဲရောက်သွားတော့ ဆံပင်အနက်ရောင် အုပ်အုပ်ကောက်ကောက်လေးနဲ့ရှုပ်ပွနေပြီးသူ့ကိုမပွင့်တပွင့်မျက်လုံးတွေနဲ့တွေတွေလေးစိိုက်ကြည့်နေသူသည် အမှန်စင်စစ် ငါ့ကလေးလေး ကုကီးးး.

......................

သူမနေ့က ညနေတွင်တချိန်လုံး ဂစ်တာတီးကာ နားမယ်လုပ်ချိန်မျက်ဝန်းမှေးကိုလုပ်ကြံဖို့လုပ်တဲ့ကိစ္စတွေကြားသောကြောင့် စိုးရိမ်မှုတွေ..ဒေါသတွေနဲ့ ပြေးလွှားခဲ့ရတော့ အပြောသာကြီးတာခြေကုန်လက်ပန်းကျပြီးအိပ်မောကျသွားရာမှ မျက်ဝန်းမှေးတောင် သွားမနမ်းခဲ့ရချေ.

first and only unkonwn loveWhere stories live. Discover now