Ch 1: "ကိုယ့်မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်"

3.8K 439 4
                                    

ရေချိုးခန်းထဲက အဖြူရောင်LEDမီးက ကျန်းယွင်ရှုရဲ့ မျက်လုံးတွေကို စူးရှသွားစေသည်။ ခတ္တအတော်ကြာငြိမ်သက်နေပြီးမှ သူထကာ မှန်ထဲကလူကို တိတ်တဆိတ်စိုက်ကြည့်ပြီးနောက် ဖြစ်ချင်တာသာဖြစ်တော့ဆိုပြီး ကြိတ်မှိတ်လက်ခံကာ ခါးကိုင်းညွတ်ရင်း သူ့မျက်နှာကို နွမ်းလျစွာ ဆေးကြောနေခဲ့၏။ ရေစက်လေးတစ်စက်က သူ့မေးစေ့နဲ့ တွေ့ဆုံသွားပြီး တဖြည်းဖြည်းချင်း လိမ့်ဆင်းကျသွားတော့သည်။

'ပလောက်'ခနဲ တစ်ချက်မြည်ပြီး တိတ်ဆိတ်မှုသာလျှင် ကျန်ရှိနေတော့သည်။

သူဒီကမ္ဘာကိုရောက်လာခဲ့တာ သုံးရက်ကုန်လွန်သွားခဲ့ပြီ။

လွန်ခဲ့တဲ့သုံးရက်က ကျန်းယွင်ရှု ဆေးရုံကုတင်ပေါ်ကနေ နိုးလာခဲ့ပြီး သူသည် သေဆုံးနေသင့်သည့် ကျန်းယွင်စူးဟု အမည်ရသော အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ထဲ၌ ဝင်ရောက်နေထိုင်လျက်ရှိတာကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။ သူ ဆရာဝန်ရဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှသိမနေပါ ဒါကြောင့် သူ "ကျွန်တော် မှတ်ဉာဏ်ပျောက်နေတယ်"လို့ ဆင်ခြေပေးပြီး ယာယီဖောရှောလုပ်ထားရသည်။ သူနာပြုဌာနမှတစ်ဆင့် ဖုန်းတစ်လုံးအား ဂနာမငြိမ်ဖြစ်စွာ ငှားခဲ့လေ၏။ သူ့လက်ချောင်းထိပ်များက သူ့မှတ်ဉာဏ်ထဲက သူသိသမျှနံပါတ်တွေ တစ်ခုချင်းခေါ်ဆိုနေရင်း အေးခဲလာရသည်။

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်းမရှိသေးပါ"

သူနာပြုက သူ့ခံစားချက် တည်ငြိမ်ရာမှ ပျောက်ဆုံးသွားသည်အားမြင်တော့ သူမနေနိုင်ဘဲ လက်တလောခေါ်ဆိုမှုအများဆုံးဖြစ်နေသည့် မှတ်တမ်းများအား ကြည့်ရှုလိုက်သည်။ ၁နဲ့စတဲ့ဖုန်းနံပါတ်အတွဲလိုက်တွေကို ကြည့်ရင်း သူမပုံက လူထူးလူဆန်းအားကြည့်နေသလိုဖြင့် "လူနာရှင့်၊ ဘယ်ဖုန်းနံပါတ်တွေခေါ်နေရတာလဲ အာ? ကျွန်မတို့မှာ ၂နဲ့စတဲ့ ဖုန်းနံပါတ်၈လုံးပဲရှိတယ်လေ "

ကျန်းယွင်ရှုရဲ့ နှလုံးသားက ချက်ချင်းကို နစ်မြုပ်သွားရသည်။ ဒါက တူညီတဲ့ကမ္ဘာကြီးတောင် ဟုတ်မနေတာကို နားမလည်ခင်အထိ သူမအား သရဲမြင်လိုက်ရသလို ဆယ်စက္ကန့်ထက်ပိုစိုက်ကြည့်နေခဲ့မိသည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now