ထပ်ပြီး စိတ်-စိတ်ဆိုးတော့မှာ? ပိုင်ထန်ဖိမ့်ဖိမ့်တုန်သွားပြီး နောက်တစ်လှမ်းဆုတ်ပြီး တထိတ်ထိတ်ဖြင့် သူ့ဂျက်ကပ်က အိပ်ကပ်လေးကို ဆုပ်ကိုင်ထားပြီး တွေဝေမိန်းမောကာ မလွယ်မကူဖြစ်နေခဲ့၏။သူမနေ့ညက ကြမ်းပြင်ပေါ်မှာ အိပ်တာကို မိသွားတုန်းကလည်း Alphaက တူညီတဲ့စကားပြောခဲ့ဖူးသည်။ ဒါက မှတ်ဉာဏ်ပျောက်နေတဲ့ ကျန်းယွင်စူးရဲ့ သူစိတ်ဆိုးတယ်လို့ ပြောတာကို ပထမဆုံးသူကြားဖူးတာဖြစ်သည်။ ပိုင်ထန် အရမ်းကြောက်သွားပြီး အိပ်ရာပေါ်ခုန်တက်ခဲ့ရတာရယ်။ ကျန်းယွင်ရှုက စိတ်ဆိုးတော့မှာဆိုတော့ သူအိပ်ကိုအိပ်ရပေမည်။ သူလေးလှဲနေတာကို သူမြင်ပြီးမှပဲ လမ်းလျှောက်ထွက်သွားတော့သည်။
သူ့ထက်တစ်ဆိုဒ်လောက်သေးငယ်တဲ့ Omegaလေးကိုကြည့်နေရင်း ကျန်းယွင်ရှု တိတ်ဆိတ်နေခဲ့သည်။ သူ့မျက်နှာအသွင်အပြင်က မွေးရာပါခက်ထန်လှသည်။ သူ့နှုတ်ခမ်းထောင့်တွေက သူစကားမပြောတဲ့အချိန်ဆို သူတကယ်စိတ်ဆိုးနေတဲ့အတိုင်း အပြင်းအထန်ရန်မူတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေတတ်လေ၏။
"အလုပ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်လူကြီးမင်း…" ပိုင်ထန်သည် Alphaအား ကြောက်ရွံ့စွာလှမ်းကြည့်ကာ ဟိုဘက်လှည့်၍ အိမ်ထဲပြေးဝင်တော့သည်။ သူ့အရှည်လွန်နေတဲ့ ဝါဂွမ်းဂျက်ကပ်ကြီးက သူ့ခြေလှမ်းတွေကို ဟန့်တားနေကာ သူ့အင်္ကျီရဲ့ တွန့်ခေါက်ရာလေးတွေက အစွန်းဆုံထိကို အဆွဲခံလိုက်ရတော့ သူပိန်သွယ်သွယ်ခါးလေးကို မြင်သာစေခဲ့သည်။
ပိန်လိုက်တာ၊ သူအရမ်းပိန်နေတုန်းပဲ။ တစ်နေရာထဲမှာပဲ ရပ်နေခဲ့တဲ့ကျန်းယွင်ရှုက လှစ်ခနဲပုံရိပ်လေးကို ငြိမ်သက်စွာ ကြည့်နေခဲ့လေသည်။ သူအခုတလော အသီးအရွက်ဟင်းတွေနဲ့ အာဟာရပြည့်တဲ့ဟင်းတွေကို တတ်နိုင်သမျှ သူလှည့်ကွက်တွေ၊ နည်းလမ်းတွေသုံးပြီး ပြောင်းနေပေမယ့် သူလေးကို အသားမစားဘဲမနေအောင် လုပ်ရမယ့် ပြဿနာကို အခြေခံကျကျ လုံးဝမဖြေရှင်းနိုင်သေးဘူး။
°°°
ကျန်းယွင်ရှု အိမ်မှာရှိနေသည့် ဘယ်အချိန်တွင်မဆို လေထုက အမြဲတမ်း တိတ်ဆိတ်ပြီး စိတ်ဓာတ်ကျစရာကောင်းနေတတ်သည်။ ဟေးထန်ရဲ့ ကြမ်းပြင်ပေါ်က တတောက်တောက်လျှောက်နေတဲ့ ခြေသံပိစိလေးတွေသာ ရံဖန်ရံခါကြားရတာရှိသည်။ သူစကားမပြောသလို ပိုင်ထန်လည်းစကားမပြောခဲ့။ ပိုင်ထန်က ဘာမှလုပ်မနေရတဲ့အချိန်ဆိုရင် သူ့အရိပ်အကဲအား တိတ်တဆိတ်အကဲခတ်နေလေ့ရှိသည်။
![](https://img.wattpad.com/cover/338681954-288-k674134.jpg)
ŞİMDİ OKUDUĞUN
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romantizm• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...