Ch 19: "သူ့ကံကြမ္မာက သတ်မှတ်ပြီးသား"

1.3K 267 9
                                    

သူထွက်ခွာပြီး‌နောက် ကျန်းယွင်ရှု ပထမဆုံးလုပ်တဲ့အရာက ဆေးရုံသို့ ဆေးစစ်ရန် သွားခဲ့ပြီး အချိန်စောပြီး ရလဒ်ထွက်အောင် ငွေပိုသုံးခဲ့တာဖြစ်သည်။ ညဘက်မှာတောင် ဆေးရုံမှာ လူတွေကပျာပန်းခပ် လှုပ်ရှားနေကြလေ၏။ ဆေးစစ်ထိုင်ခုံမှာ ထိုင်ရင်း သူ့လက်ကို လက်သီးဆုပ်ထားပြီး နဖူးပေါ်တင်ထားကာ ထူးဆန်းတဲ့ခံစားချက်ဖြင့် နာရီဝက်ထက်ပို စောင့်ဆိုင်းနေခဲ့မိသည်။

ဆေးစစ်ချက်ရလဒ်ကို သူရလာတော့ ချက်ချင်းဖွင့်ကြည့်ဖို့ စိတ်ရှိမနေခဲ့ဘူး 'အမည်: ကျန်းယွင်ရှု' ဆိုတဲ့‌ ကော်လံကိုပဲ အကြိမ်ပေါင်းများစွာသာ ဖတ်နေရဲသည်။

ပုံမှန်နည်းလမ်းအရဆို HIVပဋိပစ္စည်း စမ်းသက်မှုရလဒ်က ပထမအကြိမ်မှာ positiveထွက်ပြီး ရီပို့ရလဒ်က 'ပြန်စစ်ဆေးရန်'ဆိုတဲ့ သုံးသပ်ချက်နဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးပြည်တွင်းဌာန သို့ ဆေးထပ်စစ်ရန်ပို့ဖို့ နောက်နည်းလမ်းတစ်ခု သုံးရလေသည်။ positiveပဲ ထပ်ထွက်လာရင်တော့ AIDS အတည်ပြုချက်ရီပို့ကို လူနာထံ ထုတ်ပြန်ပေးလိမ့်မည်။ သူ့မှာ မှိုင်တွေပူဆွေးနေတဲ့ ဘာအတွေးမှ မခိုအောင်းနေပါ။ သူတစ်ခုသာတွေးနေမိသည် သူရောဂါရှိနေရင် ပိုင်ထန် ဘယ်လိုလုပ်ပါ့မလဲ… သူကြိတ်ဆဲရေးလိုက်ကာ ရီပို့စာရွက်အား ဖြန့်လိုက်နေသည်။ သူ့မျက်ဆံများက စိုးထိတ်စွာ ပြူးကျယ်နေပြီး စာရွက်ကိုင်ထားတဲ့လက်က ဖြူဖျော့နေ၏။

HIVပဋိပစ္စည်း Negative

ကျန်းယွင်ရှု ဟင်းခနဲ သက်ပြင်းချပြီး ရှိသမျှအားတွေ အကုန်ကုန်သွားသလို ထိုင်ခုံပေါ်ပျော့ခွေသွားတော့သည်။ ကြံရာမရဆုံးအခြေအနေမှာ လုံခြုံသည့် နေရာလွတ်လေး ရှာတွေ့ခဲ့လေပြီ။

°°°

ဂျာမန်သိုးထိန်းခွေးလေးရဲ့ မျက်နှာက ဇလုံထဲ ခေါင်းမြုပ်မတတ် အငမ်းမရဝါးမြိုနေခဲ့ရင်း တအူအူဖြင့် အမြီးလေးရမ်းနေခဲ့သည်။

ပိုင်ထန်က ဟေးထန်ရဲ့ ခပ်ပွပွအမွေးလေးတွေကို ပွတ်သပ်ကာ သူ့တလက်လက်မျက်ဝန်းများက လခြမ်းကွေးလေးတစ်စုံသဖွယ် ကွေးညွတ်နေခဲ့၏။ "ဟေးထန်၊ ဟေးထန်ရေ… ဖြည်းဖြည်းစား မင်းအစာကို ဘယ်သူမှ မလုပါဘူးကွာ"

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now