Ch 29: "ဆိုးရွားလိုက်တာ..."

1.2K 233 7
                                    

သေးသွယ်သွယ်လက်ဖမိုးလေးကို ချွန်ထက်နေတဲ့အပ်က ထိုးစိုက်သွားခဲ့လေသည်။ ပိုင်ထန်ရဲ့ ဖြူလျော်လျော်မျက်နှာလေးက မှုန်ကုတ်သွားပြီး သူ့မျက်ခုံးကြားမှာ အတွန့်လေး ပေါ်လာတော့သည်။ သူဆေးရုံရဲ့ ဆေးချိတ်တဲ့ထိုင်ခုံမှာ ပုံရက်သားလေးထိုင်လျက် ပင်ပန်းနွယ်နေပေမယ့် သည်းမခံနိုင်လောက်တဲ့အထိတော့ နွမ်းနယ်နေတာမဟုတ်ချေ။

သူ့မှာ ပိန်လွန်းပါးလွန်းလို့ လက်ဖမိုးပေါ်မှာ အရေပြားပါးပါးလေးသာရှိပြီး အပြာရော‌င်သွေးပြန်ကြောတွေ ထောင်ထနေတာက လန့်စရာကောင်းလှသည်။ ကျန်းယွင်ရှု၏အကြည့်က တစ်ခဏမျှတန့်နေပြီးမှ သူ့လက်မောင်းမှာချိတ်ထားတဲ့ ကုတ်အင်္ကျီပေါ်အသာရွေ့သွားကာ ပိုင်ထန့်ပေါ် ညင်ညင်သာသာလေး ခြုံပေးလိုက်လေသည်။

ပိုင်ထန်က တစ်ဝက်မှေးနေတဲ့ သူ့မျက်လုံးကို ချက်ချင်းဖွင့်ပြီး ကြည့်လာခဲ့သည်။

"ဆောရီး ကိုယ်မင်းကိုလန့်အောင်လုပ်မိသွားတယ်" ကျန်းယွင်ရှုက သူ့လက်ကို သတ္တုကျောနောက်မှီပေါ်တင်ပြီး ပိုင်ထန်ကိုအိပ်လေဆိုတဲ့ဟန်ပြသည်။ "ဘာမှမဖြစ်ဘူး အိပ်နေနော်"

သူ့အစာအိမ်က လုံးဝဗလာဖြစ်နေပေမယ့် အထဲမှာ တစ်ခုခုက ခုနေပြီး သူ့အတွင်းကလီစာတွေကို ဘောလုံးတစ်လုံးကို လူးလှိမ့်မွှေနှောက်နေပြီး အန်ချင်စိတ်တွေ ဆန်တက်လာအောင် လုပ်နေခဲ့သည်။ ပိုင်ထန် ရှိသမျှအားအကုန်ညှစ်ထုတ်ပြီး ရပ်တန့်အောင်လုပ်နေရသည်။ အရမ်းမနှစ်မြို့စရာကောင်းလွန်းတာကြောင့် သူ့အတွေးများက ဖရိုဖရဲဖြစ်သွားပြန်ကာ သူ့သတိအား အသိအသာလျော့ကျသွားစေခဲ့၏။

Omegaတစ်ယောက်အနေ‌နှင့် ပိုင်ထန်က သူ့နားတစ်ဝိုက်က မရင်းနှီးတဲ့Alphaတွေရဲ့ တည်ရှိမှုအား အသိအသာစွာ ခံစားသိရှိလေသည်။ သူတို့ထဲကဘယ်တစ်ယောက်ဖြစ်ဖြစ် သူ့အတွက်ခြိမ်းခြောက်မှုရှိတာကြောင့် သူ့ဘေးမှာထိုင်နေတဲ့လူက ကျန်းယွင်စူးဖြစ်နေရင်တောင် ဤကြီးမားတဲ့ကမ္ဘာကြီးမှာ သူရင်းနှီးတဲ့တစ်ဦး‌တည်းသောလူအား အသည်းအသန် ဖမ်းဆုပ်ထားချင်မိသည်။

"ခင်ဗျားနေလို့…..ရမလားဟင်?" ပိုင်ထန်ရေရွတ်ရင်း သူ့မျက်ခုံးကောင်းကောင်းလေးများက တွန့်ချိုးသွားခဲ့သည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now