Trigger warning : Drowning, Flashbacks from the abuse
ပိုင်ထန် သူ့ရှေ့ကအရာကိုကြည့်ပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။ ပတ်တီးစရှည်ရှည်ကြီး နှစ်ခုကို မျက်နှာကြက်တစ်ဝိုက်မှာ အမှီအတွယ်အဖြစ် တွဲလျောင်းချည်ပြီးထုံးထားကာ အဝေးကနေကြည့်လျှင် ချစ်သူနှစ်ဦး အတူတူဆွဲကြိုးချတော့မလိုနဲ့ တူနေတော့သည်။
"ဒါက မှီတွယ်ဖို့လေ" ကျန်းယွင်ရှုပြောကာ တိုတဲ့တစ်စကိုအရင်ဆွဲပြီး ရှည်တဲ့တစ်စကို ထပ်ဆွဲတယ် "မင်းခြေထောက်ကို ဒီမှာတင်၊ အနာကိုရေမထိအောင်ရယ် ခြေထောက်ပြုတ်မကျအောင်ရယ် သေချာအောင်လုပ်ဦးနော်"
သူသတိပေးပြီးနောက် ထောက်ထားတဲ့အကြံပေးသည် "ကိုယ်မင်းကို ရေချိုးပေးရင်ရော?" သူစိမ်းလူတိုင်းရဲ့ ကိုယ်တုံးလုံးရှေ့မှာ တည်ငြိမ်တဲ့အမူအကျင့် ထိန်းသိမ်းနိုင်တာက သူသည် ဆရာဝန်တစ်ယောက်ဖြစ်ခြင်းကြောင့် ဖြစ်လေသည်။ သူ့အမြင်ကနေကြည့်ရင် ကိုယ်ပိုင် တမူထူးခြားတဲ့အရည်အသွေးရှိကြတဲ့ ကြွက်သား အစုအစည်းသာဖြစ်သည်။
"မလိုပါဘူး!" သူ့ကို နှိပ်စက်နည်းအသစ်တွေပဲ။ ဒါတွေအားလုံးက ပိုင်ထန်အတွက် ဒီလိုပုံသာပေါက်နေတယ်။ သူအတိတ်က လုပ်ခဲ့တဲ့အတိုင်းနေမှာ။
တစ်ချိန်က ကျန်းယွင်စူးက သူ့ကို ရေဖြည့်ထားတဲ့ ရေချိုးကန်ထဲနှစ်၍ သူရေမွန်းတော့မှ သူ့ရဲ့ ရုပ်ပျက်ဆင်းပျက်အခြေအနေကို ရှုစားရင်း ဆွဲထုတ်ပေးပြီး နှုတ်ခမ်းကိုတွန့်၍ ကြမ်းတမ်းစွာ ထပ်ခါတလဲလဲ ဆွဲနှစ်ကာ သူ့ကိုအပျင်းပြေစေမည့် အရုပ်တစ်ရုပ်ကဲ့သို့ အပြည့်အဝပြုမူခဲ့၏။
ပိုင်ထန် ရေနစ်ပြီး မွန်းကြပ်နေတဲ့ ကြောက်မက်ဖွယ်ရာကိုသာ ပြန်တွေးမိနေသည်။ ပယင်းရောင်မီးအလင်း လွှမ်းခြုံနေတဲ့ ရေချိုးခန်းထဲမှာ ရေနွေးများက သူ့ကိုနစ်မြုပ်စေပြီး သူ့ကိုဆုပ်ကိုင်ထားတဲ့လက်သည်လည်း ညီတူညီမျှ အပူကြောင့်ရောင်ပြောင်းနေပေမယ့် သူကတော့ ရေခဲဂူထဲကျနေသကဲ့သို့ပင် ရေတွေဘယ်လောက်တောင် မြိုချမိမှန်းပင်မသိတော့။ သူတဖြည်းဖြည်းနဲ့ ရေခဲတမျှအေးစက်နေတဲ့ စကျင်ကျောက်ကြမ်းပြင်ပေါ်သို့ အားနည်းစွာ ပုံလျက်သားလဲကျလျက်သာ အဆုံးသတ်သွားခဲ့ကာ လည်ချောင်းထဲမှာလည်း သွေးအရသာရလျက် အဆုတ်ကို ထိုးဖောက်ခံရသကဲ့သို့ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေပေမယ့် ရလဒ်ကတော့ သည်းသွားတော့သည်။
ESTÁS LEYENDO
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
