Ch 15: "ကိုယ်မင်းအတွက် တာဝန်ယူမယ်"

1.8K 315 8
                                        


'ဖုန့်ချီ'Omegaတက္ကသိုလ်က ပိုင်ထန်၏ အမိတက္ကသိုလ်ဖြစ်လေသည်။

Alphaများကြီးစိုးတဲ့ ကမ္ဘာတစ်ခုမှာ ကလေးဘဝကတည်းက Omegaတွေထံ Alphaတွေကို ရိုကျိုးမှုအား ရိုက်နှိပ်ထားချင်ကြတာ မလွဲမသေပင်။ ဆရာတွေပါးစပ်က ထွက်လာတဲ့ လူသားတိုင်းတန်းတူညီမှုဆိုတဲ့ သဘောတရားက Omegaတွေက သဘာဝကျကျပဲ Alphaတွေကို မှီခိုရမယ်ဆိုတာကို ပြောင်းလဲသွားခဲ့သည်။ ပြီးတော့ အဲဒီမှာ ခန္ဓာဗေဒဆိုင်ရာပညာပေးမှုများ ဘယ်တုန်းကမှ မရှိခဲ့ပေ။ ဒါပေမယ့် ထိုနေရာမှာ Omegaတွေအား အကျင့်သီလပြည့်စုံတဲ့ ဇနီးကောင်းတစ်ယောက် ဘယ်လိုဖြစ်ရမယ်၊ Alphaတွေကို ဘယ်လိုနှစ်သက်စဖွယ် အသနားခံရမလဲဆိုတာ သင်ကြားပေးတဲ့  အိမ်မှုဝေယျာဝစ္စအတန်းများသာ ရှိနေလေ၏။

ရလဒ်ကတော့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ နစ်နာသူ Omegaအိမ်‌ထောင်ရှင် အများအပြားက သူတို့ခင်ပွန်းတွေ မှန်တယ်၊ တစ်ခုခုအမှားလုပ်တာက အမြဲတမ်း သူတို့တွေပဲလို့သာ ခံစားရတော့သည်။ သူတို့Omegaတွေ နာခံဖို့ Alpha‌များအတွက် ပြီးပြည့်စုံစွာ ထိန်းညှိပေးထားတာ ဖြစ်လေသည်။

သို့သော်ငြား 'ဖုန့်ချီ'Omegaတက္ကသိုလ် ကတော့ ဒုတိယမြောက်စီရင်စု၏ အမှတ်နှစ်ကြယ်မှာ ဒီထဲ လက်ချောင်းကျမဆင်းသွားတဲ့ တစ်ခုတည်းသော ကျောင်းဖြစ်လေသည်။ သူတို့အသိုင်းအဝိုင်းရဲ့ အောင်မြင်တဲ့Omega ၉၀%က ကျိုးကျောက်ယွီကဲ့သို့ပင် ဒီကျောင်းက ဘွဲ့ရခဲ့တာဖြစ်လေသည်။

ကျောင်းကOmegaတွေက Alphaတွေနဲ့ တူညီတဲ့အကြောင်းအရာကို သင်ကြားရသည်။ ထို့အပြင်ကို နိုင်ငံရေးအတွေးအမြင်အတန်းလည်း တစ်ပတ်တစ်ချိန်ရှိလေသည်: ဝါဒဖြန့်ခြင်းမရှိ၊ ဘယ်ဆရာကမှ လက်ချာပေးခြင်းမရှိ၊ ဒီတိုင်း လော်ဘီထဲမှာ Omega၃၀၀ကျော်ထိုင်ပြီး ပရိုဂျက်တာပေါ်က တကယ့်မတော်တဆမှုတစ်ခုကို ငြိမ်သက်စွာကြည့်ကြရသည်: ဒီလူ့အသိုင်းအဝိုင်းမှာ Omegaတွေရဲ့ ဆက်ဆံခံရပုံကိုပေါ့။

သတင်းတွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေကနေ နည်းနည်းချင်းနဲ့ သူတို့ရဲ့ကျောင်းအုပ်ကြီး စုစည်းထားခဲ့တာဖြစ်သည်။

ဥပမာ: #Omegaတစ်ဦး Alpha၏ယာဉ်အား လမ်းထဲ၌ ခြစ်လိုက်မိသဖြင့် ပါးရိုက်ခံလိုက်ရခြင်း

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Место, где живут истории. Откройте их для себя