Ch 6: "သူလေးကို ကာကွယ်မယ်"

2.1K 340 2
                                        

ကျန်းယွင်ရှု ဆေးသေတ္တာအား လှန်လှောကြည့်ပေမယ့် ပထမတန်းစား အကိုက်အခဲပျောက်ဆေးကို ရှာလို့မတွေ့ချေ။ ကျန်တာတွေက ဆရာဝန်ညွှန်ကြားချက်မပါသလို ဘေးထွက်ဆိုးကျိုးကလည်း ပြင်းထန်သည်။ သူငေါက်ခနဲထရပ်ကာ "ပိုင်ထန် ဒီနားမှာ ဆေးဆိုင်ရှိလား? ကိုယ်အကိုက်အခဲပျောက်ဆေး သွားဝယ်လိုက်မယ်"

သူပြောတာကြားတော့ ပိုင်ထန်က သူ့ရဲ့ ဒဏ်ရာမရထားတဲ့လက်ကို ထောက်ဖို့ရွယ်လိုက်ပေမယ့် ကျန်းယွင်ရှုကတားလိုက်တာကြောင့် သူနာနာခံခံနဲ့ပဲ ပြန်ထိုင်လိုက်ရ‌တော့သည် "...တစ်ဆိုင်တော့ရှိတယ်။ အပြင်ရောက်တာနဲ့ ဘယ်ဘက်ကွေ့ရမှာ"

"ကောင်းပြီ" ကျန်းယွင်ရှု အင်္ကျီလဲပြီးနောက် ရေနွေးငှဲ့ပေးပြီး ပိုင်ထန်မှီနိုင်တဲ့ စားပွဲပေါ်မှာ တင်ပေးကာ မေးလေသည် "သန့်စင်ခန်းသွားချင်သေးလား?"

ပိုင်ထန်၏ ဖြူဖျော့ဖျော့နှုတ်ခမ်းများက စုဝိုင်းသွားခဲ့သည် "ဟင့်အင်း လူကြီးမင်း…"

"ကောင်းပြီလေ ဒါဆို ဆိုဖာပေါ်မှာပဲထိုင်နေနော်၊ ဒဏ်ရာပေါ်မဖိမိစေနဲ့" ကျန်းယွင်ရှုသော့ယူရင်း သတိပေးသည်။ "ကိုယ်ချက်ချင်းပြန်လာခဲ့မယ်"

°°°

အိမ်ထဲမှထွက်လိုက်သည်နှင့် ပတ်ဝန်းကျင်လေထုက ချက်ချင်းလတ်ဆတ်သွားခဲ့သည်။ သူနောက်ဆုံးတော့ ဘာချုပ်တည်းမှုမှမရှိဘဲ အသက်ပြင်းပြင်းရှူနိုင်ခဲ့ပြီ။

အိမ်ထဲက Pheromones တွေက သူအိမ်ပြန်ရောက်တဲ့အချိန်မှာ ပြန့်ကြဲနှင့်နေပြီ။ သူအ‌ဖျားကျဆေး(ibuprofen) နှစ်လုံးကို မီးဖိုချောင်ထဲက ရှုပ်ပွနေတာတွေကို ရှင်းဖို့မသွားခင် ပိုင်ထန်လက်ပေါ်တင်ပေးခဲ့သည်။

"လူကြီးမင်း…" မျက်ရည်ထွက်ကတည်းက ပိုင်ထန်နှာပိတ်နေခဲ့သည်။ ဖြူဖျော့ဖျော့နှုတ်ခမ်းကို ဟ၍ အသက်ညင်းညင်းရှုနေရပြီး သူ့ဆံပင်ရှည်များက သူ၏‌ချွေးစိုစို လည်ပင်း၌ ကပ်နေလေ၏။ "ကျ-ကျွန်တော် သန့်ရှင်းရေးလုပ်ပါ့မယ်" သူမဝံရဲစွာ အထစ်ထစ်အငေါ့ငေါ့ပြောသည်။

"ကိစ္စမရှိပါဘူးကွာ" ကျန်းယွင်ရှုပြောသည်။ 

သူတို့က ညစာပြင်နေတုန်းရှိသေးတာကြောင့် အနီးအနားက စားသောက်ဆိုင်ကပဲ takeout အော်ဒါမှာလိုက်တော့သည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Donde viven las historias. Descúbrelo ahora