Ch 30: "ပါးနပ်တဲ့သရဲလေး"

2.8K 284 10
                                        


ဟေးထန်က ဘာဖြစ်နေမှန်း သူမသိချေ။ စိတ်ပူစွာနဲ့ "ဝူးး"လို့အော်ပြီး သူ့အသားအိအိလက်ဖဝါးလေးကို သခင့်ကျောပေါ် တင်လိုက်လေသည်။

ဟေးထန်ထိတာလေးကိုတောင် ပိုင်ထန်ကတုန်နေရှာခဲ့သည်။ သူရှိုက်ကာ မျက်ရည်တွေစိုလဲ့နေတဲ့ မျက်နှာလေးကိုမော့ကာ ပုခုံးကျုံ့၍ လှမ်းကြည့်လာသည်။ အမွေးပွပွနဲ့ ခွေးလေးရဲ့ခေါင်းမှန်းသိတော့မှ ဟေးထန်ဆီယိုင်တိုင်တိုင်သွား၍ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့သည်။ သူ့လက်တွေကိုမသိမသာသုံး၍ ဟေးထန်အား နောက်ကိုဆွဲထားလိုက်သည်။

"ပိုင်ထန်" တစ်အောင့်မျှတန့်နေပြီးတော့ ကျိုးယွင်ရှုဆက်ပြောသည်။ "တကယ်တော့ ကိုယ်က ကျန်း မ…" ဒါပေမယ့် ‌ပိုင်ထန်ရဲ့လက်က အားကိုမထိန်းချုပ်နိုင်ဘဲ အဖြူရောင်သန်းလာတဲ့အထိ ခွေးအမွေးလေးတွေကို မြဲမြဲကိုင်ထားတာမြင်လိုက်ရတော့ သူအမြန်ပင် နှုတ်ခမ်းကိုဖိပိတ်လိုက်တော့သည်။ ဟေးထန်လေးမှာ နာလို့ကိန်သံတောင် ထွက်လာခဲ့‌လေသည်။

ပိုင်ထန်ရဲ့မျက်နှာက ချွေးအေးတွေစိုနေကာ သူ့ကိုလှမ်းမော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေက ပြူးကျယ်နေခဲ့သည်။

ကျန်းယွင်ရှု ချက်ချင်းလက်ငင်းပင် သတိပြန်ဝင်လာခဲ့သည်။ သူ့နဖူးတွေတောင် ချွေးဆို့လာပြီး တိုးတိုးဆဲမိတော့သည်။ သူအရူးလား? တော်သေးလို့… တော်သေးလို့ သူဆက်မပြောလိုက်တာ

ပြောကြသလိုပဲ တစ်ခါလိမ်လိုက်ရင် အလိမ်အညာတစ်ခုကို ပြည့်စုံစေဖို့ နောက်အလိမ်၁၀ခု ထပ်အုပ်ရတယ်။ ထို့အပြင် သူက ခြေရာလက်ရာဖျောက်တာ ညံ့လွန်းလှတယ်; အခုတောင် ပိုင်ထန်ကို သူလွှတ်ခနဲပြောမိတော့မလို့။ ကိုယ်ကအဲ့ငစနူကောင်မဟုတ်ပါဘူး ပိုင်ထန်ရယ်။ မင်းကိုဒုက္ခပေးတဲ့သူ မဟုတ်ရပါဘူး။ တစ်ခြားတစ်ယောက်က မင်းအမျိုးသားရဲ့ခန္ဓာကိုယ်ကို ဝင်ယူလိုက်တာပါ။ မင်းဘယ်အမူအကျင့်ကိုကြိုက်လဲဆိုတာ စိတ်အေးအေးနဲ့စဉ်းစားကြည့်ပါဦး ဆိုပြီး။

အရမ်းလက်လွတ်စပယ်နိုင်လိုက်တာကွာ။ စိတ်ထဲကနေ ကျန်းယွင်ရှု သူ့ကိုယ်သူရှုံ့ချလိုက်သည်။ ပိုင်ထန်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထည့်စဉ်းစားရရင် အမှန်တိုင်းထုတ်ပြောတာက အဆင်မပြေလှဘူး ပြီးတော့ ပိုင်ထန်ကလည်း သူပြောရင်တောင် ယုံမှာမဟုတ်ပေ။ ဒီဟာက သာမန်ကာလျှံကာ ဆွေးနွေးလိုက်ရုံလောက်နဲ့ ရိုးရိုးလေးပြေလည်သွားမယ့် အထင်လွဲမှုမျိုးမဟုတ်ချေ။ မျက်မှောက်ခေတ်သိပ္ပံကမ္ဘာကြီးမှာ ရှင်းပြလို့မရနိုင်သည့် ရယ်စရာကိစ္စဖြစ်လေသည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Место, где живут истории. Откройте их для себя