Chapter 27: ထာဝရမှတ်ဉာဏ်ပျောက်ဆုံးခြင်း

1.4K 240 3
                                        


"ထာ…ထာဝရမှတ်ဉာဏ်ပျောက်ဆုံးတယ်?" ပိုင်ထန်ရဲ့မျက်နှာက မမှားယွင်းနိုင်သည့် အံအားသင့်သည့်အမူအရာ ပေါ်ထွက်လာခဲ့လေသည်။ သူလင်းပိုင်ကျိုးအား တစိုက်မတ်မတ် မယိမ်းမယိုင်ကြည့်နေခဲ့သည်။

ပိုင်ထန်ရဲ့ glandsပြန်စစ်ဆေးမှုရက်ချိန်းက ယနေ့ဖြစ်လေ၏။ လူနာနဲ့လိုက်ပါလာသူတွေအား CT scanအခန်းထဲသို့ ဝင်ခွင့်မပြု‌ထားချေ။ CTစက်မှထွက်ချိန်မှာ လင်းပိုင်ကျိုးက ပိုင်ထန်အား သာမန်ကာလျှံကာသာ ပြောလိုက်တာဖြစ်သည်။

သူ့ခြေထောက်တွေက မြေကြီးနဲ့ထိသွားသကဲ့သို့ တောင့်သွားခဲ့သည်။ သူအခုပြောလိုက်တာကို နားမလည်လိုက်သလိုမျိုး ပိုင်ထန်ခပ်မတ်မတ်ပြင်ထိုင်လိုက်လေသည်။ သူအရာအားလုံးကို စဉ်းစားဖို့ အချိန်ခဏ‌လောက် လိုအပ်နေပါ၏။ သူရှေ့မှီ၍ စားပွဲပေါ်လက်တင်ကာ အကြည့်များက ဦးတည်ရာမဲ့လျက် သူအမောတကော မေးလိုက်ခဲ့သည်။ "တကယ်လား? ဒေါက်တာမလိမ်ဖူးမို့လား?"

Omegaလေးရဲ့ မျက်နှာလှလှလေးက သူ့ရှေ့ကိုအနီးကပ်တိုးလာလေတော့ စင်ဂယ်Alphaလေး လင်းပိုင်ကျိုးမှာ ဘာလုပ်လို့လာကိုင်ရမှန်းမသိ ဖြစ်သွားလေတော့သည်။ သူ့စိတ်ထက်မြန်ဆန်တဲ့ သူ့ကိုယ်ခန္ဓာက ထိုင်ခုံပေါ်က လျှောကျလုနီးနီး နောက်ကိုမှီချလိုက်လေသည်။

"တောင်း-တောင်းပန်ပါတယ်ဗျ" ပိုင်ထန်လည်းလန့်သွားကာ အရှက်အရှက်အရွံ့ရွံ့ လက်ကိုရမ်းလျက် နောက်အမြန်ဆုတ်သွားခဲ့ပြီး "ကျွန်တော် မရည်ရွယ်ပါဘူး…!"

"...ရပါတယ်" လင်းပိုင်ကျိုး ထိုင်ခုံပြန်ရွှေ့ပြီး‌နောက် သူ့ရဲ့ခပ်ညံ့ညံ့ သရုပ်ဆောင်စကေးဖြင့် အနည်းငယ်အံ့ဩပြကာ "မင်းမသိဘူး?"

ပိုင်ထန်သာ ရှော့ရနေတဲ့အခြေအနေမှာသာ ရောက်မနေခဲ့ရင် လင်းပိုင်ကျိုးရဲ့ တမင်လုပ်ယူထားတဲ့အမူအရာကို ရှာတွေ့ကိုတွေ့မှာကျိန်းသေပါသည်။ သို့ပေမယ့် ဒီလိုအချိန်တွင်တော့ သူ့စိတ်က လေးလံတဲ့သတင်းကြီးနဲ့ လှုပ်ခါခံထားရပြီး ထုံထိုင်းနေလေသည်။ "ထာဝရမှတ်ဉာဏ်ပျောက်ဆုံးတယ်ဆိုတာ ဟို-ဟို ကျွန်တော်ထင်နေတဲ့ဟာလား? သူက ဘယ်တော့မှအတိတ်ကို မမှတ်မိတော့ဘူး၊ လုံးဝကိုမှတ်မိတော့မှာမဟုတ်ဘူး။ အဲ့လိုအဓိပ္ပာယ်လားဟင်?"

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Место, где живут истории. Откройте их для себя