၁၈နာရီကြာ ခွဲစိတ်မှုပြီးတဲ့နောက် ချောမောလှပါသော ဆရာဝန်တစ်ဦးသည် ခွဲစိတ်ကုတင်ပေါ်၌ပင် သေဆုံးသွားခဲ့ပြီး နိုးထလာတဲ့အခါမှာတော့ သူက Alphaတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့သည်အား ရှာတွေ့သွားခဲ့၏။
သနားချင့်စဖွယ် Omegaလေးတစ်ယောက်က သူ့ကုတင်ဘေးမှာ ထိုင်နေခဲ့လေသည်။ သူနိုးလာတာကို Omegaလေး သတိထားမိသွားတော့ သူ့မျက်နှာသေးသေးလေးက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်!
ကျန်းယွင်ရှု: ကိုယ်မင်းကို ဆိုးဆိုးရွားရွားဆက်ဆံနေကျပဲလား?
ပိုင်ထန်မှာ တုန်ယင်နေပြီး စကားမပြောရဲချေ။
ကျန်းယွင်ရှု: …
ကျန်းယွင်ရှု: အဲ့လို ထပ်မဖြစ်စေရတော့ပါဘူး။
ကျန်းယွင်ရှု ရှာတွေ့သွားခဲ့တာက ပိုင်ထန်ရဲ့ ခန္ဓာကိုယ်လေးက ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖုံးလွှမ်းနေပြီး သူ့ဘယ်ဘက်လက်မောင်းကတော့ ကျိုးနေခဲ့သည်။
ကျန်းယွင်ရှု: ကိုယ်မင်းကို ရိုက်နေကျလား?
ပိုင်ထန်ဖြူဖျော့သွားကာ ရှိုက်၍ပြောရှာတယ်: မရိုက်ပါဘူး…
ကျန်းယွင်ရှု: ….
ကျန်းယွင်ရှု: အဲ့လို ထပ်မဖြစ်စေရတော့ပါဘူး။
ပိုင်ထန်က မူလပိုင်ရှင်ခွင့်မပြုကတည်းက အိမ်ကစားပွဲပေါ်မှာ ထမင်းတောင်မစားရတာကို ကျန်းယွင်ရှု တွေ့ရှိသွားခဲ့သည်။
မူလပိုင်ရှင်က အရသာခံနိုင်မှာစိုးလို့ အသားစားခွင့်တားမြစ်ထားသည်။ မူလပိုင်ရှင်မကြိုက်တာကြောင့် အိပ်ရာပေါ်၌ အိပ်ခွင့်ပင်မရှိချေ။ ပိုင်ထန်ဆီမှာ တစ်ခုခုလွဲမှားနေကိုလည်း ကျန်းယွင်ရှု ရှာတွေ့ထားသေး၏။ သူ့glandက လုံးလုံးလျားလျား ဖျက်စီးခံထားရသည်။
ဆဲဖို့ခဲယဉ်းလှသော ကျန်းယွင်ရှု: ဖာ့ခ်
နောက်ပိုင်း ကျန်းယွင်ရှု ထပ်သိလိုက်ရတာကတော့ မူလပိုင်ရှင်က ပိုင်ထန်ကို အိမ်တွင်းအကြမ်းဖက်နေခဲ့တာကိုပင်၊ သူသည်လည်း တူညီတဲ့စကားကိုသာ ပြောခဲ့လေသည် "နောက်ထပ်မဖြစ်စေရတော့ဘူး" ဒါပေမယ့် နောက်တစ်ကြိမ်ကျရင် ပိုပြီးတောင်အရိုက်ခံရပါသေးသည်။
ESTÁS LEYENDO
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...