Ch 25: "ကိုယ်အရမ်းဝမ်းသာတယ်"

1.2K 225 3
                                    

တစ်ပတ်ကြာတော့ လင်းပိုင်ကျိုး နောက်ဆုံးတော့ သူ့ကိုဆက်သွယ်လာခဲ့ပြီ။ ဖုန်းကိုင်ကိုင်ချင်းပဲ တစ်ဖက်ကလူက ဒဲ့ပဲမေးလာသည်။ "မင်းဘာတွေသက်သေပြနိုင်သေးလဲ?"

‌နောက်နေ့မှာ ကျန်းယွင်ရှုသည် လင်းပိုင်ကျိုး၏ အမိတက္ကသိုလ်ဖြစ်တဲ့ ဟွားချွမ်တက္ကသိုလ်သို့ လာခဲ့ပြီး တိုက်ဆိုင်စွာ သူစာမေးပွဲဝင်ဖြေချင်တဲ့ ကျောင်းဖြစ်နေခဲ့သည်။

"မင်းလည်း ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဒီမှာဖြေမလို့?" လင်းပိုင်ကျိုး တုံ့ဆိုင်းစွာ စကားပြောခဲ့သည်။

ကျန်းယွင်ရှုက စိတ်မပါတပါနဲ့ ပြန်ဖြေခဲ့သည်။ "အင်း"

ပိုးသတ်တာတွေနဲ့ အခြားလုပ်ငန်းစဉ်တွေ အတန်းလိုက်ကြီး လုပ်ပြီးတဲ့နောက် နှစ်ယောက်သား ခွဲစိတ်ခန်းရဲ့ တံခါးကို တွန်းဖွင့်လိုက်ကြတော့သည်။ စိုထိုင်းစအတော်မြင့်မားလှသည့် ဝန်းကျင်တွင် အလောင်းတစ်လောင်းက ခွဲစိတ်ကုတင်ပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေခဲ့လေ၏။

သို့သော်ငြား ဆေးကျောင်းသားတွေကတော့ ဒါတွေကို အလောင်းလို့မခေါ်ကြပေ။ အဘယ်‌ကြောင့်ဆိုလျှင် သူတို့မျက်လုံးထဲမှာ ဒီအလောင်းတွေက သူတို့ရဲ့ အသံတိတ်ဆရာတွေပဲဖြစ်တာကြောင့် လောင်ရှီးလို့ပဲအများအားဖြင့် ခေါ်ကြလေသည်။

ခန္ဓာဗေဒအတန်းများ၏ ခွဲစိတ်ခြင်းသည့် လောင်ရှီးအများစုက လှူဒါန်းမှုကနေ လာတာဖြစ်သည်။ သူတို့မဆုံးပါးခင်က နေရာဒေသအမျိုးမျိုးမှာ အလုပ်အမျိုးမျိုးရှိကြပြီး နေထိုင်မှုဘဝအမျိုးမျိုးမှာ နေထိုင်ခဲ့ကြပေမယ့် အဆုံးမှာတော့ သူတို့အားလုံးက ယခုလိုလေးစားဖွယ်နည်းလမ်းမျိုးဖြင့် သိပ္ပံပညာထံ မြှုပ်နှံထားကြလေသည်။

"ဒါကလှူဒါန်းသူလား?" ကျန်းယွင်ရှုမေးလိုက်သည်။

"ဟုတ်တယ်" လင်းပိုင်ကျိုးဖြေ၍ "လှူဒါန်းသူက အသက်ရှင်စဉ်က သူနာပြုတစ်ယောက်လေ"

‌ကျန်းယွင်ရှု ခေါင်းညိတ်ကာ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး သူနာပြုထံ အလေးအနက်ဦးညွှတ်၍ လက်အိတ်ကို တည်ငြိမ်စွာ စွပ်လိုက်သည်။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Where stories live. Discover now