Ch 14: "လျှောက်ပတ်ပြေးနေတယ်"

2.1K 336 7
                                        

ကျန်းယွင်စူးသာ အသက်ရှင်နေဦးမယ်ဆို ချင်းကျုံးနန်ရဲ့ မျက်နှာကို မှတ်မိမှာ မလွဲမသေပင်။ ပြောရရင် ထုံးစံလိုလို ရွှေကိုင်း ဝိုင်ယာမျက်မှန်ဘောင်နဲ့ မျက်မှန်တပ်တဲ့ ဟိတ်ဟန်များတဲ့ Alphaက ရှားလှသည်ကိုး။

လွန်ခဲ့တဲ့တစ်နှစ်က ပါတီမှာ ဖြစ်ခဲ့တာဖြစ်သည်။ ချင်းရှီပေ့၊ 'ထျန်းဖုန်းဂရု'ရဲ့ အကြီးဆုံးAlphaသမီးက အလုပ်သွားခဲ့လေသည်။ ဒုတိယသား ချင်းကျံးနန်က သွားဖို့ငြင်းဆန်ခဲ့ပြီး လတ်တလော ကျော်ကြားနေတဲ့ ပါရမီရှင်ဒီဇိုင်နာနဲ့ ဆုံခဲ့လေသည်။

သူ၏ မဲမှောင်နေတဲ့မျက်လုံးများက လူအုပ်ထဲက ကျက်သရေရှိရှိနဲ့ ပါးနပ်စွာ ပြုံးနေတဲ့ ကျန်းယွင်စူးအပေါ် ကျရောက်သွားခဲ့ပြီး သူ့လက်ထဲက ဝိုင်ခွက်ကို တောက်ပစွာဝှေ့နေခဲ့လေသည်။ ချင်းကျုံးနန်နားက လူတွေက ကျန်းယွင်ရှုကို ရည်မွန်မှု၊ အစွမ်းအစနှင့် ကျွမ်းကျင်မှုတွေအပေါ် ချီးမွန်းနေခဲ့ကြသည်။ ထပ်ပြီး များစွာသောOmegaတွေက ကျန်းယွင်ရှုကို လက်ထပ်ခဲ့တဲ့Omegaကို သူတို့ဘယ်လောက်မနာလိုကြောင်း ပြောနေကြသည်။ အဘယ်ကြောင့်ဆိုလျှင် ကျန်းယွင်ရှုက သူ့ဇနီးကို ဘယ်လိုကောင်းကောင်းဆက်ဆံတယ်ဆိုတဲ့ ကောလဟလတွေ ပျံ့နှံ့နေခဲ့တာကြောင့် ဖြစ်လေ၏။

ချင်းကျုံးနန်က ဘာပဲပြောပြော စိတ်ကျန်းမာရေးဆရာဝန်ပဲလေ။ ကျန်းယွင်စူးရဲ့မျက်လုံးတွေက ဟိုဘက်လှည့်သွားတဲ့အချိန်တိုင်း အထင်သေးစက်ဆုပ်တဲ့ အမူအရာ ဖြတ်ပြေးသွားလေ့ရှိသော်ငြား သူ၏တစ်မူထူးခြားသော စရိုက်လက္ခဏာက သူ့ရဲ့မာန်ဝင့်ခြင်းအား ဖြည့်တင်းပေးလျက်ရှိနေသည်။ သူက ပြောရမယ်ဆိုရင် အနုပညာရှင်တစ်ယောက်ပဲလေ။

ဘယ်သူသိလိမ့်မလဲ ပါတီရဲ့ ပထမပိုင်းပြီးတဲ့အချိန်မှာ သူသန့်စင်ခန်းထဲသို့ ဝင်ဝင်ချင်း ဒီနေ့ဇာတ်လိုက်ကျော်ကြီးရဲ့ အသံက နှုတ်ဆက်လိမ့်မယ်ဆိုတာကို? သန့်စင်ခန်းအကန့်ထဲက အသံက ထောင်လွှားကာ ပျက်စီးလိုစိတ်အပြည့်ဖြင့် ညစ်ညမ်း၍ အယုတ္တအနတ္တစကားများ ဝေနေခဲ့ပြီး ဆန့်ကျင်ဘက်ဝိရောဓိအနေဖြင့် အပြင်ကျ‌ရင်တော့ သူအသံက ရွှင်လန်းတက်ကြွ၍ စိတ်ချမ်းမြေ့ဖွယ် ရှိနေခဲ့သည်လေ။

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Donde viven las historias. Descúbrelo ahora