Trigger Warning: (Dubcon) Orgy
အိမ်အတွင်းပိုင်းအပြင်အဆင်က အရမ်းရိုးရှင်းလှပြီး ဩဇာကြီးမားတဲ့ ကြွေဖြူရောင်ဖြစ်လေသည်။ အရာအားလုံးက အသစ်ချက်ချွတ်များသာဖြစ်ပြီး ဘယ်တစ်ခုကိုမှ အထူးဒီဇိုင်းထုတ်ထားတာ မဟုတ်တာမျိုး မရှိလေဘူး။ ဒုတိယထပ်၏ နေရာတစ်ဝက်က ကြီးမားတဲ့ ကမ်းခြေထီးတွေနဲ့ အမှီခုံတန်းရှည်တွေ နေရာချထားတဲ့ အပြင်ဘက်လေသာခန်းတစ်ခုဖြစ်သည်။ ဒီအိမ်ထဲမှာ ကင်းဗတ်စအလွတ်တစ်ခုလို ဖြစ်နေပြီး ထောက်ပြစရာဆိုလို့ အစိမ်းဖျော့ဖျော့၊ အစိမ်းစိုစို၊ တောအုပ်စိမ်း၊ အစိမ်းရင့်၊ ဂျူနီပါစိမ်း… အမျိုးမျိုးသောအစိမ်းတွေက ယှက်နွယ်လျက် ရှင်သန်လိုစိတ်နဲ့ မျှော်လင့်ချက်အား ဆောင်ကျဉ်းပေးနေ၏။
အကြည့်တစ်ချက်၌ပင် အပင်စိမ်းလေးတွေ ပြည့်နှက်လျက်ရှိသည်။
ပိုင်ထန်ရဲ့ခြေထောက်က ပိုကောင်းလာခဲ့ပြီး ခြေဖနောင့်ထောက်၍ လျှောက်တိုင်း မည်သည့်နာကျင်မှုမျှ ရှိမနေတော့ချေ။ ဂျာမန်သိုးထိန်းခွေးလေးကို ဖက်ထားကာ ပတ်ဝန်းကျင်အသစ်ကို သတိချပ်၍ စူးစမ်းနေခဲ့သည်။ မီးဖိုချောင်နဲ့ ဧည့်ခန်းကြားမှာ မျက်နှာကြက်မှ ကြမ်းပြင်ထိ ဆက်နေတဲ့ အပင်နံရံကြီးတစ်ခု သူမြင်ခဲ့ရသည်။ အနားတိုးပြီးကြည့်လိုက်မှ နံရံက နွယ်ပင်တွေ၊ များစွာသော ကျောက်စိမ်းရောင် ကိုင်းကူးကိုင်းဆက်လေးတွေက လိမ်ကောက်၍ တန်းလန်းကျနေတဲ့ အခေါင်းပေါက်ပါတဲ့စင်ဖြစ်နေမှန်း သူသိလိုက်ရသည်။
ပိုင်ထန် တထိတ်ထိတ်ဖြင့် ဘယ်ညာကြည့်ရှုနေရင်း သူ၏အပယိကအမြင်ဖြင့် မီးဖိုချောင်ထဲရှိ Alphaကို ဖမ်းယူမိသွားခဲ့ပြီးနောက် အကိုင်းသေးသေးလေးတွေကို အမြန်လွှတ်၍ စင်ဘက်သို့ ပြန်လာခဲ့လေသည်။
ကျန်းယွင်ရှုက သူ့လက်နဲ့ ဆန်ဆေးနေပေမယ့် မျက်လုံးတွေက ပိုင်ထန့်အခြေအနေကို ဂရုတစိုက် လေ့လာနေခဲ့သည်။ အစက ပိုင်ထန်က နွယ်ပင်နံရံရှေ့မှာ စိုးထိတ်စွာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ သူခိုးလေးလို မတ်တပ်ရပ်နေခဲ့သည်။
သူစိတ်ရှည်ရှည်စောင့်တယ်၊ တအောင့်ကြာတော့ ပိုင်ထန် စင်ဘက်ကိုပြန်သွားပြီး ဖရိုတရဲနွယ်ပင်လေးတွေကို လှမ်းကိုင်မလို့ သူ့လက်ပိန်ပိန်လေးကို မြှောက်လိုက်လေသည်။ အဲဒီထဲက နွယ်ပင်တစ်ပင်က ထူးထူးခြားခြားကို မနာခံလေဘူး၊ နွယ်ပင်လေးက အပေါ်တက်လိုက် အောက်ကျလိုက် အပေါ်တက်လိုက် အောက်ကျလိုက်နဲ့။ ပိုင်ထန် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ မျက်ဝန်းများက တုန်ယင်နေပြီး ဂနာမငြိမ်ဖြစ်နေကာ သူလေးက သူ့ကို အကြိမ်များစွာ လှမ်းချောင်းကြည့်နေခဲ့သည်။
YOU ARE READING
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...
