ကျိုးအန်မှာ အရိုးကင်ဆာရှိတာကြောင့် ကျန်းယွင်ရှု ပိုင်ထန်ကို ရိုးတွင်းခြင်ဆီစစ်ဆေးမှုအတွက် ချန်းဆိုမှုအား အထူးတလည် လုပ်ခဲ့လေ၏။
"မစ္စတာကျန်း ခင်ဗျားOmegaက နှိပ်စက်ခံထားရတာ…" ဆရာဝန်က X-rays အချို့ကို ထုတ်ကာ နေရာအများအပြားအား ကျန်းယွင်ရှုကို ညွှန်ပြ၍ "သူ့မှာကင်ဆာမရှိပါဘူး ဒါပေမယ့် အရိုးတွေအများကြီးက ကျိုးထားပြီးမှ ပြန်ဆက်သွားတာ၊ အပြင်းထန်ဆုံးတစ်ခုက ဘယ်လက်ကောက်ဝတ်က အရိုးပဲ အေးတဲ့ရာသီဆို သေချာပေါက် နာကျင်ကိုက်ခဲနေမှာ"
ပိုင်ထန်နဲ့လာတုန်းက ကျန်းယွင်ရှုရဲ့ ကာကွယ်ပေးတဲ့အပြုအမူကြောင့် ဖြစ်နိုင်သည် မဟုတ်လည်း ကျန်းယွင်ရှုရဲ့ ရည်မွန်ပြီး အမူအကျင့်ကောင်းတဲ့ စကားပြောဆိုပုံက ဆရာဝန်ဆီ၌ အမြင်ကောင်းချန်ခဲ့တာ ဖြစ်နိုင်သည်။ ၎င်းက ပိုင်ထန်ကို နှိပ်စက်တဲ့လူက သူမဟုတ်ဘူးလို့ အလိုအလျောက် တွေးမိသွားစေခဲ့လေသည်။
ထိုကိစ္စပြီးသွားပြီးနောက် ကျန်းယွင်ရှုမျက်နှာက ဆေးရုံကထွက်တဲ့အချိန်မှာ ပိုတောင်အကျည်းတန်နေခဲ့သည်။ တွဲဖက်ယာဉ်မောင်းခုံမှာ ထိုင်နေတဲ့ ပိုင်ထန်တောင် သူ့နားတစ်ဝိုက်က လေအေးတွေကို ခံစားမိပြီး လှုပ်ရှားဖို့ကို ကြောက်ရွံနေ၏။
"တောင်းပန်ပါတယ်" ကျန်းယွင်ရှု အသက်ပြင်းပြင်းရှူ၍ သူ့ရဲ့ တောင့်တင်းနေတဲ့ မျက်နှာလေးကို ပွတ်သပ်ကာ "ကိုယ်မင်းကို ကြောက်စေမိပြီ"
"မကြောက်စေပါဘူး… လူကြီးမင်း" ပိုင်ထန် နှုတ်ခမ်းစေ့၍ ခေါင်းခါလေသည်။ သူအတည်ပြုနိုင်တာတစ်ခုက အခု ကျန်းယွင်စူး အတိတ်မေ့နေပြီးတော့ ဒီကာလအတွင်း သူ့ကိုထပ်ရိုက်နှက်မှာ မဟုတ်ဘူး။
ဒါပေမယ့် သူမှတ်ဉာဏ်ပြရလာရင်ရော? မနက်ဖြန်? သဘက်ခါ? နောက်တစ်ပတ်အကြာ? ဘယ်အချိန်မဆိုဖြစ်နိုင်တယ်လေ။
ကျန်းယွင်စူး စရိုက်အရဆို သူ့မှတ်ဉာဏ်ပြန်ရတဲ့အခိုက်မှာပဲ သူလုံးဝဆက်မဟန်ဆောင်ဘဲ ဒေါသတွေပေါက်ကွဲတော့မှာ ၁၇၀,၀၀၀ကို ဘာမှမဟုတ်ဘဲဆုံးရှုံးသွားတာ ပြီးတော့ တခြား ဆေးကုသစရိတ်တွေ ဘာတွေလည်း ရှိသေးတယ်။
YOU ARE READING
ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩
Romance• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fantasy, Romance, Psychological, Slice of Life, Yaoi • Type - Web Novel (CN) • Original Publisher - Ch...