Ch 11: "ကိုယ့်ကိုစောင့်နေ"

1.8K 281 7
                                        


Trigger Warning: Death of animals(birds)

ပိုင်ထန်နှုတ်ခမ်းကိုက်၍ ခြေချစရာမရှိသော မီးဖိုချောင်တံခါး၌ ရပ်နေခဲ့သည်။ "မင်းလုပ်ချင်တာလုပ်လို့ရတယ်" ဆိုတာက သူ့ကိုအခက်တွေ့စေသည်။ ပုံမှန်အားဖြင့် ဒီအချိန်မှာ သူမနက်စာပြင်နေမယ် မနက်စာစားပြီးရင်တော့ ဇယ်ဆက်နေတဲ့ အိမ်မှုကိစ္စတွေက နောက်ကလိုက်လာလိမ့်မှာဖြစ်သည်။

Alpha တစ်လနီးပါးလောက် ဆေးရုံတက်ခဲ့တုန်းကတောင် သူနေ့တိုင်း အိပ်ရာကို သန့်ရှင်းတယ်၊ အိပ်ရာခင်း လဲတယ်၊ အဝတ်စိုတွေကို နေလှမ်းတယ်၊ ဝိုင်စင်ကို အစက်အပြောက် တစ်စက်မှမရှိအောင် ထိန်းသိမ်းတယ်၊ လှေကားကို အရောင်တင်တယ်။ ဒါက ပြီးခဲ့တဲ့သုံးနှစ်တာလုံး သူ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။

ပရိုဂရမ်သွင်းထားတဲ့ အိမ်သုံးစက်ရုပ်လိုပင် အမူအယာမဲ့ပြီး ရိုးရှင်းလှသည်။ ပိုင်ထန် သူ့ကိုယ်အလေးချိန်ကို ခြေဖဝါးတစ်ဖက်ထဲသို့ပို့ကာ ထော့နင်း၍ အိမ်သုံးပစ္စည်းထားသည့်အခန်းထဲသို့ ဝင်သွားခဲ့သည်။ တံမြက်စည်းတစ်ချောင်း ယူထုတ်လာပြီး ကြမ်းပြင်ကို အလိုအလျောက် စတင်လှည်း‌ကျင်းတော့သည်။

ကျန်းယွင်ရှုခေါင်းလှည့်တော့ သူ့ကိုမြင်ပြီး ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။ "ပိုင်ထန်၊ အိမ်ထိန်းအန်တီက နေ့လည်လာမှာ။ အနာဂတ်မှာ ဘာအိမ်အလုပ်မှ မင်းလုပ်စရာမလိုတော့ဘူး"

လေပြေနှင့်အတူ ပိုင်ထန်ခေါင်းမော့ကာ တံမြက်စည်းလက်ကိုင်ကို တင်းတင်းဆုပ်ထားတဲ့သူ့လက်က အဖြူရောင်ပြောင်းလာခဲ့သည်။ အိမ်အလုပ်တွေ သူကိုယ်တိုင်လုပ်ဖို့ မလို‌တော့ဘူး၊ ကျန်းယွင်ရှုက သူ့ကို ဒီတိုင်းတင်ထားမှာလား...?

ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့ကိုလွှတ်ပေးဖို့ မရည်ရွယ်ထားတာလား ဒါမှမဟုတ် တစ်ခြားအစီအစဉ်ရှိတာလား? ဒါပေမယ့် သူလုပ်တတ်တဲ့ တစ်ခုတည်းသောအရာက အိမ်အလုပ်လေ... ဒါမှမဟုတ်ရင် တစ်ခြားAlphaတွေနဲ့ သူတို့ရဲ့Omegaချင်း အလဲအလှယ်လုပ်တဲ့ အသုံးအဆောင်တစ်ခုအဖြစ် သူ့ကိုဆက်ဆံတော့မလို့လား?

ဒီလိုAမျိုးမှာလည်း Oရှိသေးတယ်လား? ⟨⟨ဘာသာပြန်⟩⟩Où les histoires vivent. Découvrez maintenant